Bixby smart assistant ပါဝင္တဲ့ Galaxy Home စပီကာကို Samsung မိတ္ဆက္

[ Zawgyi ]

Samsung ဟာ စမတ္စပီကာေစ်းကြက္ထဲကို Galaxy Home ထုတ္ကုန္သစ္နဲ႔ ဝင္ေရာက္လာခဲ့ပါတယ္။ Galaxy Home ဟာ high-end စပီကာတစ္ခုျဖစ္ၿပီး Apple ရဲ႕ HomePod နဲ႔ တိုက္႐ိုက္ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ဒီစပီကာမွာ အံ့အားသင့္ဖြယ္ရာ အသံအရည္အေသြးကို သပ္ရပ္ၿပီး စတိုင္က်တဲ့ဒီဇိုင္းနဲ႔ ေပါင္းစပ္ထားတယ္လို႔ Samsung က အမႊမ္းတင္ခဲ့ပါတယ္။

Galaxy Home ဟာ ထူးဆန္းတဲ့ ပန္းအိုးတစ္လံုးနဲ႔ ဆင္တူပါတယ္။ အထည္သားနဲ႔ ဖံုးအုပ္ထားၿပီး သတၱဳေဒါက္သံုးေခ်ာင္း ပါဝင္ပါတယ္။ သီခ်င္းေတြကို ေက်ာ္ဖို႔နဲ႔ အသံအတိုးအက်ယ္လုပ္ဖို႔အတြက္ စပီကာရဲ႕ ထိပ္ဘက္မွာ control ခလုတ္ေတြ ထည့္သြင္းထားပါတယ္။

အဆိုပါ စပီကာဟာ အသံကို surround sound ပံုစံနဲ႔ ထုတ္လႊင့္ေပးဖို႔အတြက္ built-in စပီကာ ေျခာက္ခုနဲ႔ subwoofer တစ္ခုကို အသံုးျပဳထားပါတယ္။ ဒါ့အျပင္ အသံကို သိရိွႏိုင္ဖို႔အတြက္ far-field မိုက္ခ႐ိုဖုန္း ရွစ္ခု ပါဝင္ပါတယ္။ Samsung ရဲ႕ assistant ကို အသံုးျပဳဖို႔အတြက္ “Hi, Bixby” လို႔ ေျပာၿပီး သီခ်င္းဖြင့္တာနဲ႔ အျခားေသာ လုပ္ငန္းေဆာင္တာေတြကို ေစခိုင္းႏိုင္ပါတယ္။ Galaxy Home ေပၚက Bixby ဟာ ဖုန္းေပၚမွာ အသံုးျပဳတဲ့အတိုင္း လုပ္ေဆာင္ခ်က္အမ်ားအျပားကို ျပဳလုပ္ေပးနိုင္တယ္လို႔ Samsung က ဆိုပါတယ္။

Galaxy Home အတြက္ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္ကို မသိရေသးပါဘူး။

[foogallery id=”90374″]

Ref: TheVerge/GSMArena

[ Unicode ]

Samsung ဟာ စမတ်စပီကာစျေးကွက်ထဲကို Galaxy Home ထုတ်ကုန်သစ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်။ Galaxy Home ဟာ high-end စပီကာတစ်ခုဖြစ်ပြီး Apple ရဲ့ HomePod နဲ့ တိုက်ရိုက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီစပီကာမှာ အံ့အားသင့်ဖွယ်ရာ အသံအရည်အသွေးကို သပ်ရပ်ပြီး စတိုင်ကျတဲ့ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတယ်လို့ Samsung က အမွှမ်းတင်ခဲ့ပါတယ်။

Galaxy Home ဟာ ထူးဆန်းတဲ့ ပန်းအိုးတစ်လုံးနဲ့ ဆင်တူပါတယ်။ အထည်သားနဲ့ ဖုံးအုပ်ထားပြီး သတ္တုဒေါက်သုံးချောင်း ပါဝင်ပါတယ်။ သီချင်းတွေကို ကျော်ဖို့နဲ့ အသံအတိုးအကျယ်လုပ်ဖို့အတွက် စပီကာရဲ့ ထိပ်ဘက်မှာ control ခလုတ်တွေ ထည့်သွင်းထားပါတယ်။

အဆိုပါ စပီကာဟာ အသံကို surround sound ပုံစံနဲ့ ထုတ်လွှင့်ပေးဖို့အတွက် built-in စပီကာ ခြောက်ခုနဲ့ subwoofer တစ်ခုကို အသုံးပြုထားပါတယ်။ ဒါ့အပြင် အသံကို သိရှိနိုင်ဖို့အတွက် far-field မိုက်ခရိုဖုန်း ရှစ်ခု ပါဝင်ပါတယ်။ Samsung ရဲ့ assistant ကို အသုံးပြုဖို့အတွက် “Hi, Bixby” လို့ ပြောပြီး သီချင်းဖွင့်တာနဲ့ အခြားသော လုပ်ငန်းဆောင်တာတွေကို စေခိုင်းနိုင်ပါတယ်။ Galaxy Home ပေါ်က Bixby ဟာ ဖုန်းပေါ်မှာ အသုံးပြုတဲ့အတိုင်း လုပ်ဆောင်ချက်အများအပြားကို ပြုလုပ်ပေးနိုင်တယ်လို့ Samsung က ဆိုပါတယ်။

Galaxy Home အတွက် စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို မသိရသေးပါဘူး။

Ref: TheVerge/GSMArena