Bitmoji လိုမျိုး Avatar ကို Facebook ဖြန့်ချိ

Facebook ဟာ ပြီးခဲ့တဲ့နှစ် အခြားနိုင်ငံတွေအတွက် Avatar feature ကိုဖြန့်ချိခဲ့ပါတယ်။ အခုအခါမှာတော့ အမေရိကန်က သုံးစွဲသူတွေအတွက် ဖြန့်ချိပေးလိုက်ပါပြီ။

Facebook Avatar က Snapchat ရဲ့ Bitmoji နဲ့တူပါတယ်။ Facebook သုံးစွဲသူက ကာတွန်း avatar ကို ဖန်တီးနိုင်ပါတယ်။ အဲဒီ avatar တွေကို comment, Facebook stories နဲ့ messenger မှာလည်း သုံးနိုင်ပါတယ်။

“ယနေ့ခေတ် အွန်လိုင်းမှာ ကျွန်တော်တို့ရဲ့ interaction တွေ များပြားလာပါတယ်။ ဒါကြောင့် Facebook မှာ တစ်ကိုယ်ရေ မျက်နှာထားကို ဖော်ပြဖို့က အရေးကြီးတယ်” လို့ Facebook app အကြီးကဲဖြစ်တဲ့ ဖီဂျီစီမိုက ပြောခဲ့ပါတယ်။

“Avatar တွေကနေ ဖော်ပြလိုတဲ့ စိတ်ခံစားမှုနဲ့ မျက်နှာထားများစွာကို ရွေးချယ်နိုင်ပြီး app ပေါ်က သူငယ်ချင်း၊ မိသားစုတွေနဲ့ ဆက်သွယ်နိုင်ပါတယ်” လို့ စီမိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: CNN