BitLocker Encryption ကို Windows မှာ Setup ပြုလုပ်ခြင်း

BitLocker ဆိုတာကတော့ Windows မှာ ယခင်ကတည်းက ပါဝင်လာတဲ့ feature တစ်ခု ဖြစ်ပါတယ်။ BitLocker ဟာ PC မှာတပ်ဆင်ထားတဲ့ device တွေသာမက Flash drive တွေကိုလည်း အခြားသုံးတွေ အလွယ်တကူနဲ့ ဝင်ရောက်သုံးစွဲတာတွေ မပြုလုပ်နိုင်အောင် encrypt လုပ်ပြီး ကာကွယ်ပေး နိုင်တဲ့ feature တစ်ခုလည်းဖြစ်ပါတယ်။

BitLocker ကို အသုံးပြုဖို့ အတွက် Windows 8 နဲ့ Windows 10 တို့အတွက်ဆိုရင် Professional ဒါမှမဟုတ် Enterprise edition တို့ဖြစ်ဖို့လို အပ်မှာဖြစ်ပါတယ်။BitLocker Encryption ကို setup လုပ်ဖို့ အတွက် File Explorer ကိုဖွင့်ပါ။ ပြီးရင် encrypt လုပ်မယ့် device ကို ရွေးချယ်ပြီး right-click နှိပ်ပါ။ပြီးရင် Use a password to unlock the drive ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး password တွေကိုထည့် သွင်းပေးရပါမယ်။ Password တွေထည့်ပြီးရင် Next ကို နှိပ်ပါ။

နောက်တစ်ဆင့်ကတော့ password မေ့သွားခဲ့ရင် recovery key နဲ့ ပြန် recovery လုပ်နိုင်ဖို့အတွက် Microsoft account နဲ့ ချိတ်ဆက်ထား နိုင်သလို recovery key ကို လည်း print နဲ့ ထုတ်ထားနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုခုကိုရွေးချယ် ပြီးရင် Next button ကိုနှိပ်ပါ။ဒီ အဆင့်ကတော့ Disk ကို encrypt လုပ်မှာဖြစ်တဲ့အတွက် Encrypt used disk space only ဆိုတာကိုရွေးချယ်ပါ။

ပြီးသွားပြီဆိုရင် New encryption mode ဆိုတာကို ရွေးချယ်ပြီး Next ကို နှိပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့် ကတော့ Start encrypting ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး device ကို encrypt လုပ်တာကို စောင့်ရ ပါမယ်။ ဒီလုပ်ငန်းစဉ်ကို လုပ်ဖို့အတွက်အချိန်ကြာမြင့်နိုင်ပါတယ်။ လုပ်ငန်းစဉ်ပြီးဆုံးသွားပြီဆိုရင် Close button ကို နှိပ်ရပါမယ်။

Flash drive ကို encrypt လုပ်ထားတယ်ဆိုရင် eject လုပ်ပြီးမှ ပြန်သုံးရမှာဖြစ်ပါတယ်။ Partition တွေကို encrypt လုပ်ထားတာဆိုရင်တော့ ကွန်ပျူ တာကို reboot လုပ်မှသာအသုံး ပြုနိုင်မှာဖြစ်ပါတယ်။တကယ် လို့ BitLocker ကို မသုံးချင်တော့ဘူး ဆိုရင် အဆိုပါ drive ကို right-click နှိပ်ပြီး Manage BitLocker ဆိုတာကိုရွေးပါ။ ပြီးရင် Turn off BitLocker ကို နှိပ်ပြီး ပိတ် ထားနိုင်မှာဖြစ်ပါတယ်။

-သီဟ