Bing visual search feature သစ္ေတြကို Android နဲ႔ iOS အတြက္ Microsoft ျဖန္႔ခ်ိ

[ Zawgyi ]

Microsoft အေနနဲ႔ Bing, Microsoft Launcher နဲ႔ Microsoft Edge ေတြမွာ visual search လုပ္ေဆာင္ခ်က္ကုိ ထည့္သြင္းျဖန္႔ခ်ိ လိုက္ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ကို ဝန္ေဆာင္မႈတစ္ခုခ်င္းစီမွာ အသုံးျပဳၿပီး ဖုန္းရဲ႕ကင္မရာကေန ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြထဲကအရာကို အလြယ္တကူေျခရာ ခံႏိုင္ပါတယ္။

အဆိုပါ ဝန္ေဆာင္မႈေတြမွာ visual search ရွာေဖြမႈ ျပဳလုပ္တာက ႐ိုးရွင္းပါတယ္။ သုံးစြဲသူက camera roll က ဓာတ္ပုံကို ႐ိုက္ကူးၿပီး ဒါမွမဟုတ္ upload လုပ္ၿပီး ရွာေဖြႏိုင္ပါတယ္။ ဓာတ္ပုံထဲက သိလုိုတဲ့ အရာဝတၳဳကုိလည္း အသားေပး ရွာေဖြႏိုင္ပါတယ္။ Visual search ရွာေဖြမႈမွာ အရာဝတၳဳနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ပုိမုိ ေဖာ္ျပေပးမွာျဖစ္ၿပီး တည္ေနရာနဲ႔ ဆက္လက္ ေလ့လာႏိုင္တဲ့ link ေတြကိုလည္း ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

 

Microsoft ဟာ အဓိက feature ေတြထဲကတစ္ခုျဖစ္တဲ့ ေဈးဝယ္ထြက္ႏိုင္တဲ့ visual search စြမ္းေဆာင္ရည္ကုိ အသားေပးေဖာ္ျပ ခဲ့ပါတယ္။ သုံးစြဲသူက ဂ်ာကင္တစ္ထည္၊ ပရိေဘာဂတစ္ခု ဒါမွမဟုတ္ ဝယ္လုိတဲ့ အရာတစ္ခုကို ေတြ႕ၿပီး ဓာတ္ပုံကုိ upload လုပ္လိုက္ရင္ Bing က အလားတူ item ေတြ၊ ေဈးႏႈန္းနဲ႔ ဝယ္ယူႏိုင္မယ့္ ေနရာေတြကုိ ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

iOS နဲ႔ Android က Bing app ေတြမွာ visual search ကို စတင္ ထည့္သြင္းလိုက္တယ္လို႔ Microsoft က ထုတ္ျပန္ခဲ့ပါတယ္။ Android သုံးစြဲသူအေနနဲ႔ Microsoft Launcher နဲ႔ Microsoft Edge မွာလည္း အဲဒီ feature ကုိ အသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။ iOS ရဲ႕ Microsoft Edge မွာေတာ့ visual search feature မၾကာခင္ ပါဝင္လာမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: iMore

[ Unicode ]

Microsoft အနေနဲ့ Bing, Microsoft Launcher နဲ့ Microsoft Edge တွေမှာ visual search လုပ်ဆောင်ချက်ကို ထည့်သွင်းဖြန့်ချိ လိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို ဝန်ဆောင်မှုတစ်ခုချင်းစီမှာ အသုံးပြုပြီး ဖုန်းရဲ့ကင်မရာကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲကအရာကို အလွယ်တကူခြေရာ ခံနိုင်ပါတယ်။

အဆိုပါ ဝန်ဆောင်မှုတွေမှာ visual search ရှာဖွေမှု ပြုလုပ်တာက ရိုးရှင်းပါတယ်။ သုံးစွဲသူက camera roll က ဓာတ်ပုံကို ရိုက်ကူးပြီး ဒါမှမဟုတ် upload လုပ်ပြီး ရှာဖွေနိုင်ပါတယ်။ ဓာတ်ပုံထဲက သိလိုုတဲ့ အရာဝတ္ထုကိုလည်း အသားပေး ရှာဖွေနိုင်ပါတယ်။ Visual search ရှာဖွေမှုမှာ အရာဝတ္ထုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုမို ဖော်ပြပေးမှာဖြစ်ပြီး တည်နေရာနဲ့ ဆက်လက် လေ့လာနိုင်တဲ့ link တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Microsoft ဟာ အဓိက feature တွေထဲကတစ်ခုဖြစ်တဲ့ ဈေးဝယ်ထွက်နိုင်တဲ့ visual search စွမ်းဆောင်ရည်ကို အသားပေးဖော်ပြ ခဲ့ပါတယ်။ သုံးစွဲသူက ဂျာကင်တစ်ထည်၊ ပရိဘောဂတစ်ခု ဒါမှမဟုတ် ဝယ်လိုတဲ့ အရာတစ်ခုကို တွေ့ပြီး ဓာတ်ပုံကို upload လုပ်လိုက်ရင် Bing က အလားတူ item တွေ၊ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ့် နေရာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

iOS နဲ့ Android က Bing app တွေမှာ visual search ကို စတင် ထည့်သွင်းလိုက်တယ်လို့ Microsoft က ထုတ်ပြန်ခဲ့ပါတယ်။ Android သုံးစွဲသူအနေနဲ့ Microsoft Launcher နဲ့ Microsoft Edge မှာလည်း အဲဒီ feature ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ iOS ရဲ့ Microsoft Edge မှာတော့ visual search feature မကြာခင် ပါဝင်လာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: iMore