Bing Photo of the day ကို ဘယ်လိုပိတ်မလဲ

Windows 10 မှာ default ပါဝင်လာတဲ့ Microsoft EDGE browser chromium မှာ Bing search engine က နေ့စဉ်ဖော်ပြပေးနေတဲ့ Photo of the day ဆိုတာကို ပိတ်ထားချင်သူတွေ အတွက်ဖြစ်ပါတယ်။ Bing ရဲ့ design ဟာ ၂၀၁၉ ခုနှစ်ကစပြီး သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ ရှာဖွေရေးအင်ဂျင်မှာ နောက်ခံပုံတွေကို ရွေးချယ်ပြီး သုံးစွဲသူတွေကို အမြဲ ပြသပေးနေပါတယ်။

ဒီ ဓာတ်ပုံတွေကိုကြည့်ပြီး အမြင်အာရုံ အနှောင့်အယှက်ဖြစ်နေတယ် ဒါမှမဟုတ် ငြီးငွေ့လာတယ်ဆိုရင် ဖော်ပြထားတဲ့ နည်းလမ်းနဲ့ ပိတ်ထားနိုင်ပါတယ်။

ပထမဆုံး EDGE browser ရဲ့ ညာဘက်ထောင့်အပေါ်နား လေးမှာရှိတဲ့ စက်သွားပုံစံနဲ့ settings button ကို နှိပ်ပါ။ Page Layout ဆိုတာပေါ်လာပါလိမ့်မယ်။ Focused ဆိုတာကို ရွေးချယ်ထားရင် website shortcut တွေနဲ့ search box ကိုသာ တွေ့ရပါမယ်။ Inspirational ကိုရွေးထားရင် Photo of the day က ပုံကိုတွေ့ရမှာ ဖြစ်ပါတယ်။ Custom ကိုရွေးပြီး Image of the day ဆိုတဲ့ toggle ကို နှိပ်ကာ disable လုပ်ရပါမယ်။ ဒါဆိုရင် EDGE chromium browser မှာ Photo of the day ကို ပိတ်ပြီးသွားပြီဖြစ်ပါတယ်။

-သီဟ

အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာမှာ Subscription လုပ်ထားဖို့လိုမယ်နော်