Big Sur ထောက်ပံ့ထားတဲ့ Mac မှာ Netflix ကို 4K နဲ့ကြည့်နိုင်

အသစ်ထွက်ရှိမယ့် macOS Big Sur ထောက်ပံ့ထားတဲ့ Mac ကွန်ပျူတာပေါ်မှာ Netflix ကို 4K ရုပ်ထွက်အရည်အသွေးနဲ့ ကြည့်နိုင်သလို Dolby Vision HDRr လည်းပါဝင်တယ်လို့ 9to5Mac ကဖော်ပြခဲ့ပါတယ်။

macOS သုံးစွဲသူဟာ 4K နဲ့ Netflix ကို ပထမဆုံးအကြိမ် ကြည့်နိုင်ပါတာ့မယ်။ Windows ပေါ်မှာ 4K ရုပ်ထွက်အရည်အသွေးနဲ့ ကြည့်နိုင်ဖို့ လိုအပ်ချက်ရှိပြီး Netflix Windows 10 app ဒါမှမဟုတ် Microsoft ရဲ့ Edge browser ကိုအသုံးပြုရပါမယ်။ အခုဆိုရင် Mac မှာ macOS Big Sur ကို install လုပ်ပြီး Safari ဖွင့်ကာ Netflix ကို 4K နဲ့ အလွယ်တကူ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် Apple ကလည်း အသစ်ထွက်ရှိမယ့် software update နဲ့ 4K အဆင့်မြှင့်တင်မှု ပြုလုပ်ပါမယ်။ Apple က tvOS 14 ပါဝင်တဲ့ Apple TV 4K မှာ YouTube ကို 4K ရုပ်ထွက်အရည်အသွေးထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ထားပါတယ်။

စိုးထက်
Ref: TheVerge