Bellerbys College,UK မှ ၅၀ ရာခိုင်နှုန်းအထိ ပညာသင်ဆုများ ပေးအပ်မည်

Bellerbys College,UK ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကျောင်းဖွင့်ချိန် အတွက် ၅၀ ရာခိုင်နှုန်း ပညာသင်ဆုတွေကို MSI Overseas Education မှာ စတင်လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ ပေးအပ်မယ့် ပညာသင်ဆုတွေကတော့ A Levels အတွက် ပညာသင်ဆု Up to 50%,Pre-Foundation/Foundation အတွက် ပညာသင်ဆု Up to £6000, Undergraduate Year 1 အတွက် ပညာသင်ဆု Up to £6000 တို့ကို လျှောက်ထားရရှိနိုင်ပါတယ်။

အင်္ဂလန်နိုင်ငံ Brigton နဲ့ London မြို့ရှိ Bellerbys College မှာ 50% အထိ ပညာသင်ဆုများနှင့်အတူ မြန်မာ (၉) တန်း/ (10) တန်း နှင့် IGCSE, GCE ‘O’ Level, A/AS Level ပြီးထားသူများ တက်ရောက်နိုင်မယ့် Pre-Foundation (4-6months), Foundation (6 months), A Levels (10 months), Undergraduate Year One (6 months) တို့ကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကျောင်းဖွင့်ချိန်မှစ၍ Online Learning (သို့) ကျောင်းဆောင်မှာ လူကိုယ်တိုင် သွားရောက်သင်ယူနိုင်မှာဖြစ်ပြီး အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်အနေဖြင့် မိမိရွေးချယ်တဲ့ Program ပေါ်မူတည်ပြီး UKVI IELTS (3.0 မှ 6.0) အတွင်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

Bellerbys College ၏ ပညာရေးသည် အရည်အသွေးမြင့်မားတဲ့ ဗြိတိန်ပညာရေး ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့်သာ သင်ကြားပေးပြီး Foundation (သို့) A’ Level ပြီးထားပါက UK နိုင်ငံရှိ တက္ကသိုလ်ကြီးများ၏ ပထမနှစ်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Undergraduate Year 1 ပြီးထားပါက တက္ကသိုလ် ဒုတိယနှစ်မှ စတင်တက် ရောက်နိုင်ပြီး ဘွဲ့ရကျောင်းသား/သူများအတွက် Postgraduate Work Permit (2 years) နှစ် လျှောက်ထားနိုင်မှာပါ။

လျှောက်ထားလိုသူတွေ အနေနဲ့ MSI Overseas Education ဖုန်း-၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««