BEING A LEADER Online Interactive Course အတွက် ကန်ဒေါ်လာ ၂၀၀ တန် ပညာသင်ဆု ပေးအပ်မည်

Scholarships for Myanmar Youth Leaders (SMYL) နဲ့ ASEAN Youth Leadership တို့ ပူးပေါင်း၍ BEING A LEADER Online Interactive Course ကိုတက်ရောက်ဖို့အတွက် ဒေါ်လာ ၂၀၀ တန် ပညာသင်ဆု ပေးအပ်သွားမယ်လို့သိရပါတယ်။

“The youths are the leaders of tomorrow” ဆိုသည့်အတိုင်း မြန်မာနိုင်ငံ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များအတွက် Leadership (ခေါင်းဆောင်မှုပညာရပ်) ကို လက်လှမ်းမီ သင်ကြားနိုင်ရန် အတွက် ပညာသင်ဆုအခွင့်အရေးပေးခြင်း ဖြစ်ပြီး လျှောက်ထားသူများထဲမှ သတ်မှတ်ချက်နဲ့ ကိုက်ညီသူ “၃ ဦး” ကိုသာ ရွေးချယ်ချီးမြှင့်သွားမှာပါ။

“Being a Leader and the effective exercise of Leadership Course” သည် ထိုင်းနိုင်ငံမှ University of Thai Chamber of Commerce (UTCC) ၏ ASEAN Leadership မှာ သင်ကြားပို့ချပေးသော သင်တန်းဖြစ်ပြီး ထိုခေါင်းဆောင်မှုသင်တန်းသည် အွန်လိုင်းမှတစ်ဆင့် ခေါင်းဆောင်များ မွေးထုတ်ပေးခြင်းနှင့် ခေါင်းဆောင်မှုကို မိမိပင်ကိုသဘာဝအရ ဖော်ပြနိုင်ရန် ထိရောက်စွာ လေ့ကျင့်ခြင်းကို ပြုလုပ်ပေးသည့် အပြင်
အာဆီယံနှင့်ကမ္ဘာရှိ အနာဂတ်ခေါင်းဆောင်များနဲ့ ချိတ်ဆက်နိုင်မည့်အတွက် extensive network နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်မည့် ကွန်ရက်တစ်ခု၊ community တစ်ခုပါ ရရှိနိုင်မှာပါ။

သင်တန်းကာလကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်၊ ၁၅ ရက်၊ ၂၁ ရက်၊ ၂၂ ရက်တွေနဲ့ ဒီဇင်ဘာ ၅ ရက် နဲ့ ၆ ရက်တွေမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကို Kyoto University မှ Dr. Jakarin Srimoon မှ သင်ကြားပေးသွားမှာ ဖြစ်ပြီး အသေးစိတ်ကို Scholarships for Myanmar Youth Leaders ရဲ့ Facebook စာမျက်နှာမှ တစ်ဆင့် မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««