Beelink GT-King Pro Android TV Box

DTS လိုင်စင်တွေပါတဲ့ Amlogic S922X-H ပရိုဆက်ဆာ ပါဝင်ထောက်ပံ့ပေးထားတဲ့ Beelink GT-King Pro Android TV Box Dolby ဖြစ်ပါတယ်။ ကိုယ်ထည်ကို Aluminum နဲ့ တည်ဆောက်ထားတာပါ။ သာမန် TV ကို စမတ်တီဗီ အဖြစ် ပြောင်းလဲပေးပြီး ရုပ်ရှင်ကြည့်ခြင်း သာမက ဂိမ်းကစားခြင်းအတွက်ပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Quad-core Cortex-A73 @ 2.21 GHz + Dual-core Cortex-A53 @ 1.8 GHz CPU နဲ့အတူ Amlogic S922X-H hexa-core big.LITTLE 12nm processor ထောက်ပံ့ပေးထားပါတယ်။ GPU ပိုင်းအတွက်ကိုတော့ Arm Mali-G52MP6 ထည့်သွင်း အသုံးပြုထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ LPDDR4 စနစ်နဲ့ 4GB အထိ ထောက်ပံ့ပေးထားပါတယ်။ ROM ပိုင်းအတွက် 64GB အထိ ပါဝင်ပြီး လိုအပ်ရင် SD Card ထပ်တိုး အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android Version 9.0 ဖြစ်ပါတယ်။ File Format အနေနဲ့ Decoder Format မှာ H.263, H.264, H.265, HD MPEG4 , Audio format မှာ AVI, DAT, ISO, MKV, MP4, MPEG, RM, WMV, Video format မှာ AVI, DAT, ISO, MKV, MP4, MPEG, RM, WMV , Photo Format မှာ BMP, GIF, JPEG, JPG, PNG, TIFF တို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းက 5.1 Surround Sound အနေနဲ့ ထွက်ရှိနိုင်မှာဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ WiFi အနေနဲ့ WiFi 5 802.11 a/b/g/n/ac ဖြစ်ပြီး Bluetooth အနေနဲ့ကတော့ Bluetooth 4.1 ဖြစ်ပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် CVBS/L/R,DC 12V,HDMI,LAN,OTG,RS232,SD Card Slot,USB2.0,USB3.0 စတာတွေ ထောက်ပံ့ပေးထားပါတယ်။

ဈေးနှုန်း နှစ်သိန်းတစ်သောင်းကျပ် ဖြစ်ပြီး Current Android TV Box Store (MDY) ဖုန်း – ၀၉ ၇၉ ၁၉ ၇၄၇၈၄ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««