Be The Change Myanmar ကျင်းပ

ကလေးငယ်ပေါင်း ၃၈၉ ယောက်ကို ခရစ်စမတ်လက်ဆောင်ပေးပြီး တေးသံရှင်အောင်ထက်နဲ့အတူ ဖျော်ဖြေတဲ့ Be The Change Myanmar ကို ဒီဇင်ဘာ ၂၅ ရက်က Junction Square မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

United Amara Bank ကပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ဆန္ဒတွေကိုအတူတကွဖြည့်စည်း ပေးပြီး ကလေးတွေကို အပြုသဘောဆောင်တဲ့ အတွေးအခေါ်ကောင်းတွေ ပြုစုပျိုးထောင်လာနိုင်မှာဖြစ်ပြီး ကလေးငယ်တွေ အတွက်အလေးထားတဲ့ အဖွဲ့အစည်းတစ်ရပ် အမြဲရှိနေတယ်လို့ အတွေးအခေါ်တစ်ခု ပြောင်းလဲစေချင်တာကြောင့် Be The Change Myanmar ပွဲပြုလုပ်တာဖြစ်တယ်လို့ UAB ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွှေဂုံတိုင် ကလေးပြုစုရေးဌာန ၊ မလိခအမျိုးသမီးလေးများ သင်တန်းကျောင်း ၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း ၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ၊ ခဝဲခြံမျက်မမြင်ကျောင်း ၊ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်း ဗဟန်းမြို့နယ် ၊ အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း မရမ်းကုန်းမြို့နယ်တို့မှ ကလေးငယ်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ UAB စေတနာ ဝန်ထမ်းတွေကလည်း မျက်မမြင် ခလေးငယ်တွေ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကို ပွဲမှာကူညီရောင်းချပေးခဲ့ပါတယ်။

-ကောင်းမြတ်ထွန်း