BC Finance မှ ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး အတွက် Musoni Core Banking System ကို စတင် အသုံးပြု

မြန်မာနိုင်ငံရှိ အသေးစား‌ ငွေရေးကြေးရေးအဖွဲ့အစည်းများကြား ဦးဆောင် ရပ်တည်လျက်ရှိသော BC Finance မှ ဘဏ္ဍာ‌ရေးဆိုင်ရာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း‌‌ရေး အတွက် Musoni ၏ core banking system ကို စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဥ်ကို အကောင်အထည်ဖော်ရန် ၂၀၁၇ ခုနှစ်ကတည်းက Musoni စနစ်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဝန်ဆောင်မှုများပေးနေသော ပြည်တွင်း နည်းပညာနယ်ပယ်မှာ အသိအမှတ်ပြုမှု ရရှိထားတဲ့ ThitsaWorks က ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ BCF အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်နယ်နှင့်တိုင်း ၈ ခုမှာ ၂၅,၀၀၀ သော ချေးငွေယူသူတွေ ပိုင်ဆိုင်ထားပြီး စုငွေနဲ့ချေးငွေဆိုင်ရာ ဝန်ဆောင်မှု အမျိုးမျိူး ပေးလျက်ရှိကြောင်း၊ Musoni ဟာ မြန်မာနိုင်ငံရှိ အသေးစား‌ ငွေရေးကြေးရေးအဖွဲ့အစည်း ၁၄ ခုကို ဝန်ဆောင်မှုတွေပေးလျက်ရှိပြီး MFI များအတွက် ထိပ်တန်းနည်းပညာ အကူအညီများ ပေး‌နေသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါတယ်။

Musoni ၏ Core Banking System ကို စတင် အသုံးပြုခြင်းနဲ့အတူ Musoni ရဲ့ ဒီဂျစ်တယ် နည်းပညာ အက်ပလီကေးရှင်းမှတစ်ဆင့် BCF ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေဖို့နဲ့ မိုဘိုင်း ဘဏ်ဝန်ဆောင်မှု အက်ပလီကေးရှင်းကို အသုံးပြုပြီး customers တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းအသစ် များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ThitsaWorks ၏ ဝန်ဆောင်မှုလုပ်ငန်းနှင့် Musoni Software System အကြောင်းကို အသေးစိတ်သိရှိလိုပါက info@thitsaworks.com သို့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။