Batman, Mortal Kombat ဂိမ်းထုတ်လုပ်သူ WB Games ကိုဝယ်ယူဖို့ Microsoft စိတ်ဝင်စား

ပြီးခဲ့တဲ့လအတွင်း Warner Bros. Interactive Entertainment (WB Games) မိခင်ကုမ္ပဏီ AT&T က WarnerMedia ရဲ့ဂိမ်းဌာနကို ရောင်းချလိုတယ်လို့ ကြေညာခဲ့တယ်။ Microsoft ဟာ WB Games ကိုဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောကြားထားပါတယ်။

Microsoft က WB Games ကို လက်လွှဲယူနိုင်တယ်လို့ သတင်းရင်းမြစ်ကို ကိုးကားပြီး The Information ကဖော်ပြခဲ့ပါတယ်။ WB Games ဟာ Batman: Arkham Knight, Middle-earth: Shadow of War, Mortal Kombat 11 နဲ့ အခြားဂိမ်းတွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ A&T ကတော့ WB Games ကိုမဖြစ်မနေ ရောင်းချဖို့ မဆုံးဖြတ်ထားပမယ့် အကြွေး ၁၅၄ သန်းကို ဘယ်လိုဖြေရှင်းမလဲ စဉ်းစားနေပါတယ်။ Time Warner အခုဆိုရင် WarnerMedia ကို ၂၀၁၈ ခုနှစ်မှာ ဝယ်ယူလိုက်တဲ့အခါ ပေါ်လာတဲ့ အကြွေးတွေပဲ ဖြစ်ပါတယ်။ WarnerMedia မှာ Crunchyroll, DC Comics, HBO, WB Games နဲ့အခြားကုမ္ပဏီတွေပါဝင်တယ်။

WB Games ကိုဝယ်ယူဖို့ Actvision Blizzard, Electronic Arts နဲ့ Take-Two Interactive တို့ကလည်း စိတ်ဝင်စားနေပါတယ်။ AT&T အနေနဲ့ WB Games ကို ဒေါ်လာ ၄ ဘီလျံနဲ့ ရောင်းချနိုင်ပါတယ်။

-စိုးထက်
Ref: GameSpot