Batman အဖြစ်ပြန်လာမယ့် မိုက်ကယ်ကီတန်

မိုက်ကယ်ကီတန်ဟာ Warner Bros. နဲ့ DC Comic ရဲ့အသစ်ထွက်ရှိမယ့် Flash ရုပ်ရှင်မှာ Batman အဖြစ် ပြန်လည်ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ The Hollywood Reporter က ဖော်ပြခဲ့ပါတယ်။

မိုက်ကယ်ကီတန်ဟာ ၉၀ ခုနှစ်တွေမှာ တင်မ်ဘာတန်ရဲ့ Batman ရုပ်ရှင်တွေမှာ Dark Knight အဖြစ်ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ မိုက်ကယ်ကီတန်ဟာ The Flash ရုပ်ရှင်အတွက် စကားပြောဆိုနေဆဲပါ။ The Flash အဖြစ် Justice League မှာပါဝင်ခဲ့တဲ့ အီဇာရာမေလာပဲ သရုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မိုက်ကယ်ကီတန်ဟာ အခြား DC ရုပ်ရှင်တွေမှာလည်း Batman အဖြစ် သရုပ်ဆောင်မယ်လို့ The Hollywood Reporter ကဖော်ပြခဲ့ပါတယ်။

အသစ်ထွက်ရှိမယ့် Batgirl ရုပ်ရှင်မှာလည်း ဆင်မြူရယ်ဂျက်ဆင်က Marvel Cinematic Universe အတွင်း နစ်ခ်ဖြူရီ အခန်းကဏ္ဍလိုမျိုး ပါဝင်မယ်လို့ The Hollywood Reporter ကဖော်ပြလိုက်ပါတယ်။

-စိုးထက်
Ref: TheVerge