Basic Microsoft Excel 2016 အခမဲ့အွန်လိုင်းသင်တန်း ဖွင့်မည်

American Center Yangon မှ Basic Microsoft Excel 2016 အခမဲ့ အွန်လိုင်းသင်တန်းကို ဖွင့်လှစ် ပေးသွားမယ်လို့ သိရပါတယ်။

Microsoft Excel ကို အခြေခံကနေ စတင်လေ့လာလိုသူတွေ တက်ရောက်နိုင်ပြီး နိုဝင်ဘာလ၂၃ ရက်၊၂၅ ရက်၊၂၇ ရက် နံနက် ၁၀နာရီ မှ ၁၂ နာရီထိ အထိ ၃ ရက်ကြာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ American Center Yangon မှ ၀န်ထမ်းကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပြီး စုစုပေါင်း ၆ နာရီ ကြာမြင့်မယ့် အခမဲ့အွန်လိုင်းသင်တန်း ဖြစ်ပါတယ်။

Zoom Meeting Classroom ဖြင့်သင်ကြားပေးမှာ ဖြစ်ပြီး မြန်မာဘာသာဖြင့်သင်ကြားပေးမှာပါ။

တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/3oQZT5ZkKszEY7wdA ကနေ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««