Basic Java Programming Course သင်တန်းအတွက် အခမဲ့တက်ရောက်နိုင်

[ Zawgyi ]

Java ပညာရပ်ကို အခြေခံကျကျ သိချင်သူများ၊ Java programming ကို ကိုယ်တိုင်လေ့လာလိုသူများနဲ့ Java ကို စိတ်ဝင်စားပြီး သင်ယူရန် ခက်ခဲနေသူတွေ အတွက် Basic Java Programming Course အတွက် သင်တန်းကြေး အခမဲ့နဲ့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Java Feature and Architecture အကြောင်းနားလည်စေရန်၊ Java Program ရေးရာမှာပါဝင်မယ့် components တွေကို သိရှိနားလည်ပြီး ရေးသားတတ်စေရန်၊ Operators များအသုံးပြုတတ်စေရန်၊ Arrays နဲ့ Strings class များကို သုံးပြီးရေးတတ်စေရန်၊ Inheritance, Exception Handling ရေးသားနည်းများကို မိမိကိုယ်တိုင် ရေးနိုင်တဲ့အထိ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

Programming ရဲ့ Core Concept များ၊ မိမိ Program တစ်ပုဒ် စတင်ရေးသားရာမှာ ပါဝင်တဲ့ Thinking Concept များ၊ Logic များကစပြီး OOP Feature & Concept များကို စနစ်တကျ အသုံးပြုပြီး အခြေခံမှစတင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက် လိုသူတွေ အနေနဲ့ သင်တန်းသားအရေအတွက် ကန့်သတ်ထားမှာဖြစ်တဲ့အတွက် ကြိုတင် စာရင်းပေးသွင်း တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက Linux Lab (Myanmar) Co.,Ltd ဖုန်း ၀၁- ၆၅၂၂၄၃, ၀၉၉၇၉၂၉၁၉၁၁ သို့ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-ဝေဝေ

[ Unicode ]