Basic Java Programming သင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် တက်ရောက်နိုင်

[ Zawgyi ]





-ဝေဝေ

[ Unicode ]

Java ပညာရပ်ကို အခြေခံကျကျ လေ့လာသင်ယူလိုသူတွေအတွက် Basic Java Programming သင်တန်းကို သြဂုတ်လ ၉ ရက်မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး သင်တန်းကြေးအခမဲ့နဲ့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Java နဲ့ ပတ်သက်ပြီး အခြေခံမှစတင် သင်ကြားပေးမှာဖြစ်တဲ့အတွက် မည်သူမဆို တက်ရောက်နိုင်မှာဖြစ် တယ်လို့ သိရပါတယ်။ Java Feature and Architecture အကြောင်းနားလည်စေရန်၊ Java Program ရေး ရာမှာ ပါ၀င်မယ့် components များအား သိရှိနားလည်ပြီး ရေးသားတတ်စေရန်၊ Operators များ အသုံး ပြုတတ်စေရန်၊ Conditional Constructs and Loop Constructs အကြောင်းများ နားလည်ပြီး မိမိရေးသားတဲ့ program တွေကို control လုပ်တတ်စေရန်၊ Arrays နဲ့ Strings class တွေကို အသုံးပြုရေးတတ်စေရန်၊ Inheritance, Exception Handling ရေးသားနည်းများကို မိမိကိုယ်တိုင် ရေးနိုင်သည်အထိ သင် ကြားပေးသွားမယ်လို့ သိရပါတယ်။

Programming ရဲ့ Core Concept များ/မိမိ Program တစ်ပုဒ်စတင်ရေးသားရာမှာ ပါ၀င်တဲ့ Thinking Concept များ/Logic များမှ စပြီး OOP Feature & Concept များကို စနစ်တကျအသုံးပြုပြီး အခြေခံမှစတင်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Java ကို ဆက်လက် လေ့လာသင်ယူလိုပါက အခက်အခဲမရှိ အခြေခံပိုင်နိုင်စွာ လေ့လာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

အတွေ့အကြုံရှိဆရာများ ကိုယ်တိုင်သင်ကြားပေးသွားမှာဖြစ်သလို သင်တန်းသားအရေအတွက် ၁၀ ဦးသာ ကန့်သတ်သင်ကြား ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူများအနေနဲ့ အသေးစိတ် အချက်အလက်များကို Linux Lab (Myanmar) Co.,Ltd ဖုန်း – ၀၁ ၆၅၂၂၄၃, ၀၉-၉၇၉၂၉၁၉၁၁ သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။