Basic Electrical Wiring Installation Training တပ္ဆင္ျခင္း သင္တန္းအတြက္ သင္တန္းသားမ်ားေခၚယူ

[ Zawgyi ]

သက္ေမြးဝမ္းေက်ာင္း ပညာျဖစ္တဲ့ Basic Electrical Wiring Installation Training တပ္ဆင္ျခင္း သင္တန္းအတြက္ သင္တန္းသားမ်ား ေခၚယူလ်က္ရွိတယ္လို႔ သိရပါတယ္။

သင္တန္းတက္ေရာက္ လိုသူေတြအေနနဲ႔ သက္ဆိုင္ရာ ဘာသာရပ္ကၽြမ္းက်င္၍ လုပ္ငန္းခြင္ အေတြ႔အႀကဳံ ရရွိေစရန္၊ အလုပ္အကိုင္မ်ား ရရွိေစရန္၊ အလုပ္ရွင္ႏွင့္ အလုပ္သမား ႏွစ္ဦးႏွစ္ဖက္ အက်ဳိးရွိေစရန္၊ အေသးစား လုပ္ငန္းရွင္မ်ားအျဖစ္ ရပ္တည္လုပ္ကိုင္ႏုိင္ေစရန္ ရည္ရြယ္၍ ဖြင့္လွစ္ပို႔ခ်သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ သင္တန္းတက္ေရာက္ လိုသူေတြအေနနဲ႔ အေျခခံပညာ အထက္တန္းအဆင့္ ျဖစ္ရမွာျဖစ္ၿပီး မွတ္ပုံတင္မိတၱဴ၊ လုိင္စင္ဓာတ္ပုံ ၃ပုံ၊ ပညာအရည္အခ်င္းေထာက္ခံခ်က္တုိ႔ ပူးတြဲတင္ျပရမွာ ျဖစ္ပါတယ္။ စာေတြ႔၊ လက္ေတြ႔ သင္ၾကားေပးမယ့္အျပင္ လုပ္ငန္းခြင္ အေတြ႔အႀကံဳရရွိႏုိင္ရန္ ေဆာင္ရြက္ေပးသြားမွာျဖစ္ၿပီး သင္တန္းၿပီးဆံုးပါက အသင္းခ်ဳပ္မွ ေအာင္ျမင္ၿပီးဆုံးေၾကာင္း သင္တန္းဆင္းလက္မွတ္ ေပးအပ္သြားမွာ ျဖစ္ပါတယ္။

သင္တန္းကို ၾသဂုတ္လ ၂၈ ရက္တြင္ ဖြင့္လွစ္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ သင္တန္းတက္ေရာက္လိုသူ ေတြအေနနဲ႔ အေသးစိတ္သိရွိလိုပါက TVET Training Room, UMFCCI, TVET Unit (နည္းပညာႏွင့္ သက္ေမြးပညာ ေလ့က်င့္ေရး သင္တန္းဌာန) ဖုန္း ၀၁-၂၃၁၄၃၄၄ – ၄၉ (လိုင္းခြဲ-၁၀၇) နဲ႔ Email လိပ္စာျဖစ္တဲ့ [email protected] သုိ႔ ဆက္သြယ္စုံစမ္းေမးျမန္း ႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

သက်မွေးဝမ်းကျောင်း ပညာဖြစ်တဲ့ Basic Electrical Wiring Installation Training တပ်ဆင်ခြင်း သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက် လိုသူတွေအနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်၍ လုပ်ငန်းခွင် အတွေ့အကြုံ ရရှိစေရန်၊ အလုပ်အကိုင်များ ရရှိစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်၊ အသေးစား လုပ်ငန်းရှင်များအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက် လိုသူတွေအနေနဲ့ အခြေခံပညာ အထက်တန်းအဆင့် ဖြစ်ရမှာဖြစ်ပြီး မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓာတ်ပုံ ၃ပုံ၊ ပညာအရည်အချင်းထောက်ခံချက်တို့ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ စာတွေ့၊ လက်တွေ့ သင်ကြားပေးမယ့်အပြင် လုပ်ငန်းခွင် အတွေ့အကြုံရရှိနိုင်ရန် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသင်းချုပ်မှ အောင်မြင်ပြီးဆုံးကြောင်း သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကို သြဂုတ်လ ၂၈ ရက်တွင် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူ တွေအနေနဲ့ အသေးစိတ်သိရှိလိုပါက TVET Training Room, UMFCCI, TVET Unit (နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေး သင်တန်းဌာန) ဖုန်း ၀၁-၂၃၁၄၃၄၄ – ၄၉ (လိုင်းခွဲ-၁၀၇) နဲ့ Email လိပ်စာဖြစ်တဲ့ [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါတယ်။