Basic Audio Mixing & Mixdown Course ဖွင့်မည်

Basic Audio Mixing & Mixdown Course ကို Youth International University မှ ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။

သင်တန်းကို Audio Mixing and Mixdown နဲ့ ပတ်သက်ပြီး စတင်လေ့လာမယ့်သူတွေ တက်ရောက်သင့်ပြီး ဒီသင်တန်းမှာ Senior Lecturer – Lamine Thar ကသင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက် မှစတင်ကာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းမှာ PREPARING TO MIX, STARTING THE MIX, EQUALIZATION, DYNAMICS PROCESSING, EFFECT PROCESSING, SHAPING THE MIX, AUTOMATION AND FINE TUNING, FINISHING YOUR MIX အစရှိတာတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။

သင်တန်းကြေး ၁၀၀,၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပြီး သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို https://www.youth-vle.com/pages/contact-us… မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««