Basecamp ရဲ့ Hey အီးမေးလ် app ကို App Store ပယ်ချ

နာမည်ကျော် software ကုမ္ပဏီ Basecamp ဖန်တီးသူတွေက ဒီတစ်ပတ်မှာ Hey အမည်ရ အီးမေးလ်ဝန်ဆောင်မှုသစ်ကို မိတ်ဆက်လိုက်ပါတယ်။ တစ်နှစ် ၉၉ ဒေါ်လာ ကျသင့်မယ့် အီးမေးလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး Apple ရဲ့ App Store သုံးသပ်ရေးအဖွဲ့နဲ့ Basecamp အကြား တိုက်ပွဲဖြစ်နေပါတယ်။

Basecamp တွဲဖက်တည်ထောင်သူနဲ့ နည်းပညာအကြီးအကဲအရာရှိဖြစ်သူ ဒေးဗစ်ဟိုင်နီမီရာဟန်ဆန်က Twitter မှာ ဖြစ်စဉ်အသေးစိတ်ကို ရေးသားခဲ့တယ်။ Hey 1.0 ကို App Store ကထောက်ခံပေးမယ့် Basecamp ရဲ့ iOS developer အကြီးအကဲ ဇတ်ဝါ့ချ်က ဗားရှင်း 1.0.1 ကိုတင်သွင်းတာကိုတော့ ပယ်ချခဲ့ပါတယ်။ Hey ဟာ ငွေကြေးပေးသွင်း အသုံးပြုရတဲ့ အီးမေးလ်ဝန်ဆောင်မှု ဖြစ်ပေမယ့် iOS မှာ Hey app ကတစ်ဆင့် နှစ်စဉ်ကြေးကို မရောင်းချပါဘူး။ သုံးစွဲသူက Hey ဝက်ဘ်ဆိုက်ကတစ်ဆင့် နှစ်စဉ်ကြေးကို ဝယ်ယူရပြီး Hey account နဲ့ iOS မှာ အသုံးပြုနိုင်တယ်။ အဲဒီနည်းလမ်းနဲ့ Hey က Apple ဆီ ဝင်ငွေ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းဆီ ပေးသွင်းမှုကို ရှောင်လွှဲထားပါတယ်။

App Store သုံးသပ်သူတွေက Apple ရဲ့ 3.1.1 စည်းမျဉ်းကို ရည်ညွှန်းပြီး Hey ဗားရှင်း 1.0.1 နဲ့ ဗားရှင်း 1.0.2 တို့ကို ပယ်ချခဲ့တယ်။ စည်းမျဉ်းအရ developer တွေက ဒီဂျစ်တယ်ကုန်ပစ္စည်း ဒါမှမဟုတ် လစဉ်ကြေး ဝယ်ယူဖို့ Apple ရဲ့ in-app ငွေကောက်ခံစနစ်ကို အသုံးပြုရဖို့ ရှင်းလင်းထားပါတယ်။ ဒါကြောင့် အပြောင်းအလဲ မလုပ်ရင် Hey app အနေနဲ့ App Store ကနေ လုံးဝ ဖယ်ရှားခံရနိုင်တယ်လို့ App Store သုံးသပ်သူက ပြောကြားထားပါတယ်။

စိုးထက်
Ref: 9to5Mac