Barnes & Nobel Nook Tablet 7”

တန်ဖိုး – ကန်ဒေါ်လာ ၄၉.၉၉

အားသာချက်

ဈေးနှုန်းသက်သာတာနဲ့ သယ်ဆောင်ရလွယ်ကူတာက ဒီ tablet ရဲ့ အားသာချက်တစ်ခုပါ။

အားနည်းချက်

စွမ်းဆောင်ရည်ပိုင်းကတော့ အနည်းငယ် စိတ်ကျေနပ်စရာတော့ မကောင်းပါဘူး။ ဘက်ထရီ သုံးစွဲနိုင်တဲ့ ကြာချိန်ကလည်း အရမ်းကောင်းမွန်တာမျိုး မရှိသလို ကင်မရာပိုင်းကလည်း စွဲမက်စရာမရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

Quad-core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM 1GB သာ ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ ထည့်သွင်းသိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ onboard storage ထည့်သွင်းပေးထားပါတယ်။ storage space များများ သုံးစွဲချင်သူတွေအနေနဲ့ကတော့ 128 GB ပမာဏအထိ microSD ကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒီ tablet ရဲ့ display screen အရွယ်အစားကတော့ ၇ လက်မခန့်ရှိမှာဖြစ်ပြီး display screen resolution ကတော့ 1024 x 600 pixels ရှိမှာဖြစ်ပါတယ်။ Tablet မှာ Android version 8.1 Operating System ကို
အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ 2 megapixels ရှိတဲ့ ကင်မရာကို tablet ရဲ့ အနောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီပိုင်း မှာတော့ ရုပ်ရှင်ကြည့်၊ စာဖတ်တာနဲ့ web browsing ကို အသုံးပြုမယ်ဆိုရင် ၇ နာရီခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ