BarCamp Yangon 2018 အတွက် Theme Design ပြိုင်ပွဲပြုလုပ်မည်

BarCamp Yangon 2018 အတွက် အသုံးပြုရန်လိုအပ်တဲ့ theme Design ကို ပြိုင်ပွဲပြုလုပ်ပြီး ရွေးချယ်အသုံးပြု သွားမယ်လို့ သိရပါတယ်။

BarCamp Yangon 2018 ရဲ့ Theme ကို ” Awesome Yangon ” လို့သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်သူတွေအနေနဲ့ Theme နဲ့ ကိုက်ညီမှုရှိရန် လိုအပ်ပြီး ဘားကမ့်ရန်ကုန် Link မှာဖော်ပြထားတဲ့ မူလလိုဂိုကိုလည်း မပျောက်ပျက်ပဲ ထည့်သွင်းအသုံးပြုရမယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်သူတွေအနေနဲ့ logo.barcamp.org မှာ ပြိုင်ပွဲဝင် ဒီဇိုင်းတွေကို Upload တင်သွင်းပေးရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်အထိ ပြိုင်ပွဲကာလသတ်မှတ် ပေးထားပါတယ်။ Theme တွေအားလုံးကို facebook Page မှာ တင်ပေးထားမှာဖြစ်ပြီး ဆုရတဲ့ ဒီဇိုင်းကို ဒီဇင်ဘာ ၁၄ ရက်မှာ ဖော်ပြပေးသွား မယ်လို့သိရပါတယ်။ မည်သူမဆို ဒီဇိုင်းအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ကိုယ်တိုင်ဖန်တီးထားကာ မည်သည့်နေရာတွင်မှာမှ အသုံးမပြုရသေးတဲ့ ဒီဇီုင်းဖြစ်ရမယ်လို့သိရပါတယ်။
TV,WEB, Print,Animation, Letterhead စတဲ့ နေရာမျိုးစုံမှာ အသုံးပြုဖို့အတွက် သင့်လျှော်ရမှာဖြစ်ပါတယ်။ ဆုရသူအားငွေကျပ် ၂၀၀,၀၀၀ ၊ အသိအမှတ်ပြု လက်မှတ်နဲ့ Winner T-Shirt ချီးမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း