Barcamp Yangon 2018 ပွဲ တက်ရောက်သူ ၅,၀၀၀ ကျော်ရှိ

(၉) ကြိမ်မြောက် ဘားကမ့်ရန်ကုန် အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ MICT Park မှာ ကျင်းပခဲ့ပြီး ပွဲတက်ရောက်သူ ၅,၈၈၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ Topic အခန်း ၈ ခန်း စီစဉ်ထားခဲ့ပြီး ယခုနှစ်မှာတော့ Topic (၂) ကြိမ်နဲ့အထက် နားထောင်သူတွေကိုသာ လက်ဆောင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ထူးခြားချက်နေနဲ့ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အကြောင်းအရာတွေကိုပိုပြီး ဆွေးဆွေးဖြစ်ကြတယ်လို့ Barcamp Organizer တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်မျိုးလွင်က ပြောကြားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းအား တက်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပေမယ့် မအားလပ်တဲ့အတွက် တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

BarCamp ဆိုတာဟာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူတွေရဲ့ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ၊ အတတ်ပညာ ပိုင်းဆိုင်ရာတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဆွေးနွေးဟောပြောနိုင်ဖို့ စီစဉ်ဖန်တီးပေးမယ့် အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ အကြောင်းအရာတွေ အပါအဝင် အသိပညာ၊ အတတ်ပညာဆိုင်ရာ အကြောင်းအရာတွေကို အသိပညာ ဝေမျှကြမှာဖြစ်ပြီး မည်သူမဆို ပါဝင်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံတကာမှာ တွင်ကျယ်လာတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှတစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနားတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် BarCamp Yangon, BarCamp Mandalay, BarCamp Taunggyi, Barcamp Pathein, BarCamp Laisho, Barcamp Pyay အစရှိသဖြင့် စဉ်ဆက်မပြတ် ကျင်းပလာခဲ့တာဖြစ်ပါတယ်။