Banking and Finance ဆိုင်ရာ အင်္ဂလိပ်စာသင်တန်းအတွက် ပြင်ပသင်တန်းသားခေါ်ယူ
[ Zawgyi ]
-သန္တာ
[ Unicode ]
မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း (Myanmar Institute of Banking) မှ ဖွင့်လှစ်သင်ကြားပေးမယ့် Certificate Level English for Banking and Finance (Level I, II) သင်တန်းအတွက် ပြင်ပသင်တန်းသား ခေါ်ယူနေပါတယ်။
သင်တန်းကာလ အနေနဲ့ Level I မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ ဖြစ်ပြီး Level II မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်အထိ တက်ရောက် ရမှာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ မနက် ရ နာရီမှ ၉ နာရီထိ ဖြစ်ပါတယ်။
သင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါက Diploma in Banking (DB) ၀င်ခွင့်အတွက် ဖြေဆိုရမယ့် အင်္ဂလိပ်စာဘာသာရပ်ကို ကင်းလွတ်ခွင့် ရရှိမှာပါ။ လျှောက်ထားလိုသူတွေ အနေနဲ့ ဘွဲ့လက်မှတ် မိတ္တူ တစ်စောင်၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ၁ စောင်၊ ပတ်စ်ပို့ ဓာတ်ပုံ ၁ ပုံ၊ ဘွဲ့ဆိုဒ် ဓာတ်ပုံ ၁ ပုံကို အမှတ် ၂၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်သို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက် နောက်ဆုံးထားပေးပို့ လျှောက်ထားရမှာဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၁-၅၄၈၁၄၆ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
-သန္တာ