Bangkok University ၏ ပညာသင်ဆုများကို ဇန်နဝါရီ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ကျောင်းဖွင့်ချိန် အတွက် Bangkok University ရဲ့ Bachelor programmes လျှောက်ထားသူတွေအနေနဲ့ ၅၀ ရာခိုင်နှုန်း မှ ၁၀၀ ရာခိုင်နှုန်း အထိ ပညာသင်ဆုများရရှိအောင် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

ပညာသင်ဆုနဲ့ Bachelor of Arts in International Tourism and Hospitality Management, Bachelor of Arts in Digital Media and Design, Bachelor of Business Administration in Marketing, Bachelor of Communication Arts in Innovative Media Production တို့ကို လျှောက်ထားနိုင်ပြီး ၁၀၀ ရာခိုင်နှုန်း Online Learning (သို့) Blended Learning (Online + On Campus) သင်ကြားမှု စနစ်နှစ်မျိုးကို ရွေးချယ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှာ ပညာသင်ဆု အင်တာဗျူးကို ဖြေဆိုရမှာဖြစ်ပါတယ်။ ၁၀ တန်း (သို့) GED (or) GCE ‘A’ Level ပြီးထားတာနဲ့ ဘွဲ့ဒီဂရီတန်းကို တိုက်ရိုက် လျှောက်ထားနိုင်ပြီး HND (UK), ABE (UK) Diploma ရရှိထားတဲ့ ကျောင်းသား/သူများအတွက် ဘာသာရပ်ကင်းလွတ်ခွင့်တွေ လျှောက်ထားနိုင်မှာဖြစ်ပါတယ် ။ ကျောင်းလျှောက် ထားဖို့ Application form, Education documents ( transcripts + certificate) , English Language Proficiency certificate (IELTS 5.5 in all bands) or pass BU placement test, Passport, Recommendation Letter from High School principal (optional), Portfolio / Personal Statement စတာတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ် ။

Application Deadline မတိုင်မီ မိမိရဲ့ IELTS result (or) မရှိထားပါက BU Online Placement Test ကို MSI တွင် register သွင်းပြီး ဖြေဆိုနိုင်ပါတယ် ။ လျှောက်ထားလိုသူတွေ အနေနဲ့ MSI Overseas Education ဖုန်း-၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««