Baidu ရဲ႕ ေမာင္းသူမဲ့ဘတ္စ္ကားမ်ားကို ဂ်ပန္တြင္ မၾကာမီ မိတ္ဆက္မည္

တ႐ုတ္နည္းပညာကုမၸဏီႀကီး Baidu ဟာ အစီးေရ ၁၀၀ ေျမာက္ ေမာင္းသူမဲ့ဘတ္စ္ကားကို ဒီတစ္ပတ္အတြင္း တည္ေဆာက္ႏိုင္ခဲ့တဲ့ေနာက္ အဆိုပါ ဘတ္စ္ကားေတြကို တ႐ုတ္နဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာ မၾကာခင္ ေတြ႕ျမင္ရေတာ့မယ္လို႔ သိရပါတယ္။

၁၄ ေယာက္ စီးနင္းႏိုင္တဲ့ Apolong မီနီဘတ္စ္ရဲ႕ ေမာင္းသူမဲ့နည္းပညာအဆင့္က Level 4 ျဖစ္တာေၾကာင့္ သတ္မွတ္ထားတဲ့ ဧရိယာတစ္ခုအတြင္း ဒ႐ိုင္ဘာတစ္ေယာက္မလိုဘဲ အလိုအေလ်ာက္ ေမာင္းႏွင္ေပးမွာျဖစ္ပါတယ္။

ဒီမီနီဘတ္စ္ေတြကို ေဘက်င္း၊ ရွန္က်န္း၊ ေရွာင္းကန္၊ ဖ်င္းတန္နဲ႔ ဝူဟန္တို႔ အပါအဝင္ တ႐ုတ္ႏိုင္ငံက ၿမိဳ႕အခ်ိဳ႕မွာ စတင္အသံုးျပဳသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ အဆိုပါ မီနီဘတ္စ္ေတြကို ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ SoftBank ရဲ႕ ေမာင္းသူမဲ့နည္းပညာဌာနခြဲျဖစ္တဲ့ SB Drive နဲ႔ ပူးေပါင္းၿပီး ၂၀၁၉ အေစာပိုင္းမွာ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳနဲ႔ အျခားၿမိဳ႕ေတြမွာ စတင္မိတ္ဆက္သြားမယ္လို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။

ဒီမီနီဘတ္စ္ေတြမွာ ၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ Baidu ရဲ႕ open autonomous driving platform ေနာက္ဆံုးဗားရွင္းျဖစ္တဲ့ Apollo 3.0 ပါဝင္လာမွာ ျဖစ္ပါတယ္။ အဲ့ဒီ update မွာ ပင္ပန္းႏြမ္းနယ္ေနတဲ့ ဒ႐ိုင္ဘာကို သိရိွႏိုင္မယ့္ facial recognition ပါဝင္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

တရုတ်နည်းပညာကုမ္ပဏီကြီး Baidu ဟာ အစီးရေ ၁၀၀ မြောက် မောင်းသူမဲ့ဘတ်စ်ကားကို ဒီတစ်ပတ်အတွင်း တည်ဆောက်နိုင်ခဲ့တဲ့နောက် အဆိုပါ ဘတ်စ်ကားတွေကို တရုတ်နဲ့ ဂျပန်နိုင်ငံတို့မှာ မကြာခင် တွေ့မြင်ရတော့မယ်လို့ သိရပါတယ်။

၁၄ ယောက် စီးနင်းနိုင်တဲ့ Apolong မီနီဘတ်စ်ရဲ့ မောင်းသူမဲ့နည်းပညာအဆင့်က Level 4 ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ ဧရိယာတစ်ခုအတွင်း ဒရိုင်ဘာတစ်ယောက်မလိုဘဲ အလိုအလျောက် မောင်းနှင်ပေးမှာဖြစ်ပါတယ်။

ဒီမီနီဘတ်စ်တွေကို ဘေကျင်း၊ ရှန်ကျန်း၊ ရှောင်းကန်၊ ဖျင်းတန်နဲ့ ဝူဟန်တို့ အပါအဝင် တရုတ်နိုင်ငံက မြို့အချို့မှာ စတင်အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ မီနီဘတ်စ်တွေကို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ SoftBank ရဲ့ မောင်းသူမဲ့နည်းပညာဌာနခွဲဖြစ်တဲ့ SB Drive နဲ့ ပူးပေါင်းပြီး ၂၀၁၉ အစောပိုင်းမှာ ဂျပန်နိုင်ငံ၊ တိုကျိုနဲ့ အခြားမြို့တွေမှာ စတင်မိတ်ဆက်သွားမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ဒီမီနီဘတ်စ်တွေမှာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Baidu ရဲ့ open autonomous driving platform နောက်ဆုံးဗားရှင်းဖြစ်တဲ့ Apollo 3.0 ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီ update မှာ ပင်ပန်းနွမ်းနယ်နေတဲ့ ဒရိုင်ဘာကို သိရှိနိုင်မယ့် facial recognition ပါဝင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge