Baby Yoda ပြန်လည် ပါဝင်လာတဲ့ The Mandalorian Season 2

Disney ကတော့ အောက်တိုဘာ ၃၀ ရက်မှာ စတင် ထုတ်လွှင့်မယ့် The Mandalorian season 2 အတွက် ထွေလာကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

အခု ထွေလာအရ The Mandalorian season 1 ဇာတ်လမ်းအရ ပြန်လည် ဆက်ထားပါတယ်။ ထွေလာထဲမှာ အသံတစ်ခုက the Mandalorian နဲ့ Jedi မှော်ဆရာတွေအကြားက တိုက်ပွဲကို ဖော်ညွှန်းပြီး အတိတ်က ဇာတ်လမ်း ပြန်ပြောင်းပြောဆိုနေပါတယ်။ စိတ်လှုပ်ရှားစရာပါပဲ။ The Star Wars ပရိသတ်တွေကတော့ The Mandalorian အစီအစဉ်ဟာ မူလ ကြေညာထားတဲ့ အောက်တိုဘာလအတွင်း မထွက်မှာကို ပူပန်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတစ်ဝန်းက တီဗီအစီအစဉ်နဲ့ ရုပ်ရှင်ထုတ်လုပ်မှုများစွာ ပိတ်သိမ်းစေပါတယ်။ Disney စီအီးအို ဘော့ချာပတ်ကတော့ The Mandalorian ကို သတ်မှတ်ထားတဲ့အတိုင်း ထုတ်လွှင့်မယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။

The Mandalorian စီးရီးကို အဝေးကနေ တည်းဖြတ်တာနဲ့ post-production ပြုလုပ်ခဲ့တာကြောင့် အချိန်မီ ထုတ်လွှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««