BA Program ၂၅ နှစ်ပြည့် ငွေရတုပွဲတော် အခမ်းအနားကျင်းပမည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ MBA Program ရဲ့ 25th Anniversary Silver Jubilee of MBA Program အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်တွေမှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ပတ္တမြားဆောင်ခြံဝန်းအတွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

MBA Program ၂၅ နှစ်ပြည့် ငွေရတုပွဲတော်ရက် ပထမနေ့မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ အမှတ်တရ ဓါတ်ပုံပြပွဲ၊ ဖွင့်ပွဲ အခမ်းအနား၊ အလှူရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း၊ ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ မုန့်စျေးတန်း ရောင်းချမှုများ၊ လူမှုအကျိူးပြု အသင်းအဖွဲ့များ၏ ပြခန်းများ၊ ပွဲကျင်းပ‌ရေး ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီများ၏ ပြခန်းများ ပါဝင်မှာ ဖြစ်ပြီး ပွဲတော်ရက် ဒုတိယနေ့တွင် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနား၊ ညစာစားပွဲ အခမ်းအနား၊ လူမှုအကျိုးပြု အသင်းအဖွဲ့များ၏ ပြခန်းများ၊ ပွဲကျင်းပ‌ရေး ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီများ၏ ပြခန်းများ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ကိုမင်းဦး (EMBA 2) – ဖုန်း – ၀၉၅၀၀၇၁၆၆၊ ကိုသိန်းဦး (MBA Day 16) ဖုန်း-၀၉၅၀၁၉၁၈၄၊ မသူဇာချယ် (EMBA 1) ဖုန်း – ၀၉၄၃၁၄၂၇၂၇၊ မမြမြလွင်(ခ) မမို့ (EMBA 7) – ဖုန်း – ၀၉၅၁၁၈၈၆၁၊ မသိန်းသန်းမင်း (MBA Day 11) – ဖုန်း – ၀၉၅၁၆၃၁၂၃ ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်။

-သန္တာ