AYA Pay မှတစ်ဆင့် အခွန်များပေးဆောင်နိုင်မည်

အခွန်ထမ်းဆောင် ပြည်သူများ အဆင်ပြေလွယ်ကူစေဖို့အတွက် AYA Pay မှ တစ်ဆင့် အခွန်များပေးဆောင်နိုင်အောင် လုပ်ဆောင််လိုက်ပြီလို့ သိရပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရန် လိုအပ်သော ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့် တံဆိပ်ခေါင်းခွန်များ အတွက် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) အမှတ်ကို ထည့်သွင်းကာ AYA Pay Mobile Wallet မှတစ်ဆင့် ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်။

အခွန်ပေးဆောင်မှုအတွက် ဝန်ဆောင်ခ အနေနဲ့ ၃,၀၀၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ AYA Pay ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက AYA Pay Facebook Page သို့မဟုတ် AYA Pay Hotline နံပါတ်တွေဖြစ်တဲ့ ၅၇၇၇ နဲ့ ၀၁-၄၇၀၅၇၇၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««