AYA iBanking ဖြင့် ပြည်တွင်းမှ အခြားဘဏ် ၂၅ ခုသို့ ငွေလွှဲနိုင်မည်

AYA iBanking အနေနဲ့ ဧရာဝတီဘဏ်အချင်းချင်း အပြင် ပြည်တွင်းက အခြားဘဏ်တွေကို အချိန်မရွေးငွေလွှဲနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ငွေပမာဏ အနည်းဆုံး ၁၀,၀၀၀ ကျပ် ကနေ ၁၀,၀၀၀,၀၀၀ ကျပ် အထိ လွှဲနိုင်မှာဖြစ်ပြီး မိမိလွှဲပေးမယ့် ဘဏ်အကောင့်နာမည်၊ အကောင့်နံပါတ်၊ ဘဏ်ခွဲအမည် ကို မှန်ကန်စွာ ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်် ။ ဘဏ် ၂၅ ခုကို ငွေလွှဲနိုင်မှာဖြစ်ပြီး ငွေလွှဲနိုင်တဲ့ ဘဏ်တွေကတော့ AGD Bank, Ayeyarwaddy Farmers Development Bank (A bank), CB Bank, Construction and Housing Development Private Bank (CHDB), First Private Bank (FPB), Global Treasure Bank (GTB), Innwa Bank Limited (IWB), KBZ Bank, Myawaddy Bank (MBL), MCB Bank, Myanmar Apex Bank (MAB), Myanmar Economic Bank (MEB), Myanmar Foreign Trade Bank (MFTB), Myanmar Microfinance Bank (MMB), Myanmar Oriental Bank (MOB), Myanmar Tourism Bank (MTB Bank), NSB – Naypyitaw Sibin Private Bank Ltd, Rural Development Bank (RDB), Shwe Rural And Urban Development Bank (Shwe bank), The Small And Medium Industrial Development Bank (SME bank), Tun Commercial Bank (TCB/TFB), UAB Bank, Yangon City Bank (YCB), YDB-YADANARBON Private Bank Limited , YOMA Bank တွေပဲဖြစ်ပါတယ်။

AYA iBanking Interbank Transfer မှ ငွေလွှဲခြင်းအတွက် ဝန်ဆောင်ခအနေနဲ့ AYA E Banking Channel Fees 0.025% (အနည်းဆုံး ၅၀၀ ကျပ်မှ အများဆုံး ၂၅၀၀ ကျပ်) + Other Bank Fees + CBM Net Fees (၅၀၀ ကျပ်) ကျသင့်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««