AYA ဘဏ် ၊ AYA SOMPO နှင့် AIA Myanmar တို့က မဟာဗျူဟာကျပူးပေါင်းမှု ပြုလုပ်

AYA ဘဏ် ၊ AYA SOMPO အာမခံနဲ့ AIA Myanmar တို့ ပူးပေါင်းပြီး ဆန်းသစ်သော ဝန်ဆောင်မှုများ၊ အာမခံ ပေါ်လစီများကို ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်အတွက် Bancassurance မဟာဗျူဟာ ပူးပေါင်းမှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ အသက်အာမခံကုမ္ပဏီ တစ်ခုနဲ့ မြန်မာ့ဦးဆောင် ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကွန်ရက်တို့ရဲ့ မြန်မာ့ပထမဆုံး နှစ်ရှည် Bancassurance ပူးပေါင်းမှုမှာ နိုင်ငံအတွင်း အာမခံ အကာအကွယ်များ ပိုမို ရရှိနိုင်စေရန် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပူးပေါင်းမှုဟာ AYA SOMPO နဲ့ AIA Myanmar တို့ရဲ့ အသက်၊ ကျန်းမာရေးနဲ့ အထွေထွေအာမခံ ပေါ်လစီများကို AYA ဘဏ်ခွဲများမှာ ရရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုက AYA SOMPO နဲ့ AIA Myanmar တို့ရဲ့ အကောင်းဆုံးသော ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းမှာ ပိုမိုလွယ်ကူစွာ ရရှိနိုင်စေတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဘဏ်ခွဲများရှိ ကိုယ်စားလှယ်များက customer တွေနဲ့ ၎င်းတို့မိသားစုဝင်များရဲ့ တစ်ဦးချင်း လိုအပ်ချက်တွေနဲ့ ကိုက်ညီမည်ဖြစ်တဲ့ အာမခံ ကာကွယ်မှု ရွေးချယ်စရာများကို ဆွေးနွေးညွှန်ပြသွားနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီ ပူးပေါင်းမှုဟာ အကောင်းဆုံးသော အထွေထွေ နဲ့ အသက်အာမခံတွေကို ကျွန်တော်တို့ customers တွေအတွက် AYA ဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ဘဏ်ခွဲကွန်ရက်တွေနဲ့ ဒီဂျစ်တယ် နည်းလမ်းတွေက တစ်ဆင့် ပေးအပ်နိုင်တော့မယ့် အခွင့်အရေးကောင်း တစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုကို ဘဏ္ဍာရေးရာ ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့ customers တွေဟာ ခုဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေးရာ လိုအပ်ချက်တွေ၊ အာမခံ အကာအကွယ်တွေကို တစ်နေရာတည်းမှာ သက်သောင့်သက်သာနဲ့ပဲ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုပေါင်းအင်အားတွေ အပြည့် ပါဝင်တဲ့ ဒီပူးပေါင်းမှုဟာ အရင်တုန်းကနဲ့ လုံးဝ မတူတဲ့ အကောင်းဆုံးသော အာမခံအကာအကွယ်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တော့မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ပိုပြီးတော့ ကာကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” လို့ AYA ဘဏ်ရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးမြင့်ဇော်က ပြောပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««