Aviation Institute of Maintenance နှင့် Lakehead University တို့၏ Info Day ပြုလုပ်မည်

အမေရိကန်နိုင်ငံရှိ FAA (Federal Aviation Administration) အသိအမှတ်ပြု လေယာဉ်ပြုပြင် ထိန်းသိမ်းမှု သင်တန်းကျောင်းဖြစ်တဲ့ Aviation Institute of Maintenance (AIM) နဲ့ ကနေဒါနိုင်ငံ Ontario ပြည်နယ်ရှိ Lakehead University တို့ရဲ့ Info Day ကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ မှ ၃ နာရီအထိ Jenko Education မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Info Day မှာ အဆိုပါ ကျောင်းများမှ တာဝန်ရှိသူတွေကိုယ်တိုင် ကျောင်းဝင်ခွင့်များ၊ ကျောင်းဝင်ခွင့်လို အပ်ချက်များ၊ လိုအပ်တဲ့အချက်အလက်တွေ၊ ပြင်ဆင်ရမယ့်အချက်အလက်တွေကို ရှင်းလင်းပြောကြား ပေးသွားမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ တက္ကသိုလ်ပညာ သွားရောက်သင်ကြားခြင်းဖြင့် စာသင်ရင်း တရားဝင် အလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးတွေနဲ့ ကျောင်းပြီးဆုံးတဲ့အခါ ဆက်လက်ပြီး တရား ဝင် နေထိုင်ခွင့်ရရှိသွားနိုင်မယ့် အခွင့်အလမ်းတွေကို စုံစမ်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ Jenko Education အမှတ် ၁၂၇/၁(ပထမထပ်)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉၅၀၆၂၈၉၁ နဲ့ ၀၉၂၅၃၀၆၆၂၀၂ ကို ဆက်သွယ် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ