AverMedia Live Streamer Cam 313

အလုပ်နဲ့ အမြဲတမ်း Video Conference လုပ်နေရတဲ့သူတွေရော Live Streaming လုပ်နေကြတဲ့ Streamer တွေအတွက်ပါ အသုံးတည့်စေမယ့် AverMedia ရဲ့ Live Streamer Cam 313 ဖြစ်ပါတယ်။ USB 2.0 FHD Webcam ဖြစ်ပြီး Image sensor အနေနဲ့ 1/2.7″ CMOS sensor ထောက်ပံ့ပေးထားပါတယ်။ 2MP ရရှိပြီး ဗီဒီယိုမှာ Resolution – 1080p Full HD ရရှိမှာဖြစ်ပါတယ်။ Dual Microphone ပါတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေ ရရှိမှာပါ။ Flexible 360 degree ဖြစ်လို့ ကိုယ်ကြိုက်တဲ့နေရာကို Focus လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ Cable အရှည်ကတော့ 2 m ရှိပြီး တပ်ဆင်ရတာလည်း ရှိးရှင်းလွယ်ကူပါတယ်။ Windows 7 နဲ့အထက်ရော Mac OS 10.11 နဲ့အထက်ပါ အသုံးပြုနိုင်လို့ Windows သမားရော Mac သမားတွေပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အရွယ်အစားက 90 x 53 x 47 mm ဖြစ်ပြီး 130g လေးပါတယ်။

ကန်ဒေါ်လာ ၁၄၅ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««