Avatar 2 ရိုက်ကူးရေး ဓာတ်ပုံ ထွက်ပေါ်

နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစက်ကင်မရာက နယူးဇီလန်မှာ ရိုက်ကူးနေတဲ့ Avatar နောက်ဆက်တွဲရုပ်ရှင် ဓာတ်ပုံတွေကို အမြည်းဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံအများစုက ရေထဲမှာ ရိုက်ကူးထားတာ ဖြစ်ပြီး Avatar 2 မှာ ပါဝင်မယ့် ကိတ်ဝင်းစလက်ပုံလည်း ပါဝင်လာပါတယ်။

ဒါ့အပြင် နာမည်ကျော် sci-fi ဘုရင်မ ဆစ်နောနီဝီဗာက ရေအောက်မှာ စတန့် ပြုလုပ်နေတဲ့ ဓာတ်ပုံလည်း ထွက်လာပါတယ်။

Avatar ရဲ့ တရားဝင် Twitter account ကနေ ဓာတ်ပုံ ၂ ပုံ တင်ခဲ့တာ ဖြစ်ပါတယ်။

ဝီဗာရဲ့ ဇာတ်ကောင် ဒေါက်တာဂရေ့စ်ဟာ Avatar ဇာတ်ကားသစ်မှာ ဘယ်လိုပါဝင်လာမလဲ ဆိုတာ မသိရသေးပါဘူး။ Avatar 2 ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှာ ထွက်ရှိလာပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို  နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««