Avatar 2 ဆက်တင် ဓာတ်ပုံထွက်လာ

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar 2 ဆက်တင်ဒီဇိုင်း ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ Avatar 2 ဇာတ်ကားဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခေတ္တခဏရပ်တန့်ခဲ့ပြီးနောက် နယူးဇီလန်မှာ ဆက်လက်ရိုက်ကူးနေပါတယ်။

ထုတ်လုပ်သူ ဂျွန်လန်ဒူက ဗုဒ္ဓဟူးနေ့က Instagram မှာ နယူးဇီလန်အတွင်း ဆက်တင်တည်ဆောက်မှု “High Camp Bio Lab” ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။ အခြားဓာတ်ပုံမှာတော့ ဓာတ်ခွဲခန်းအတွင်း ဂျိမ်းကင်မရွန်ရှိတယ်လို့ ပြောထားပါတယ်။

Avatar 2 ရုပ်ရှင်ကို ၂၀၂၂ မှာ ရုံတင်ပြသဖို့ရှိပြီး နောက်ဆက်တွဲ ရုပ်ရှင် ၅ ကားအထိ ထုတ်လုပ်ဖို့ ရှိပါတယ်။ Avatar 2 ဟာ ၂၀၀၉ က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်အဆက်ဖြစ်ပြီး Weta Digital (Lord of the Rings ရုပ်ရှင် visual effect ဖန်တီးသူတွေ) တွေနဲ့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်ကတည်းက အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။
Avatar 2 နဲ့ 3 ရုပ်ရှင်တွေကို နယူးဇီလန်မှာ တစ်ပြိုင်နက်တည်း စတင်ရိုက်ကူးခဲ့ပါတယ်။

စိုးထက်
Ref: CNET