AutoCAD သင်တန်းများဖွင့်လှစ်မည်

နေပြည်တော် သပြေကုန်းမီးပွိုင့်အနီးမှာ ဖွင့်လှစ်ထားတဲ့ U-ONE Computer Training Center မှ အဆောက်အဦ ဒီဇိုင်းပိုင်းဆိုင်ရာ AutoCAD သင်တန်း တွေကို ဖွင့်လှစ်မယ်လို့သိရပါတယ်။

အဆောက်အဦ ဒီဇိုင်းပိုင်းဆိုင်ရာတွေ အတွက် AutoCAD 2D & 3D Course နဲ့ AutoCAD 3D Advance Course ( Rendering & Lighting) ဆိုပြီး အဆင့်နှစ်ခုကို သင်တန်းဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်။ AutoCAD 2D & 3D Course မှာ 2D Command &Basic 3d Command, 2D Sketch’s & 3D Sketch’s, 2D Dimensions & 3D Dimensions with UCS, Building Layout Plan, Elevation, Roof Plan, Door Details, Window Details, Stair Details, 3D Home Design, Model Printing, Layout Printing တို့ပါဝင်မှာဖြစ်ပြီး သင်တန်းကြေးက ၈၀,၀၀၀ ကျပ် ဖြစ်ပါတယ်။

AutoCAD 3D Advance Course ( Rendering & Lighting) မှာ 3D Command & 3D Sketch’s for Furniture, Materials & Texturing, Render & Mapping, Lighting, Building Floor Plan, Building Ground Plan, Elevation, Door Details, Window Details, One Story (Hostel & RC Building), Two Story Home Design, Animation & Camera Print, AutoCAD To Photoshop စတာတွေပါဝင်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၆၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

သင်တန်းချိန်တွေကို ရုံးချိန်လွတ် စီစဉ်ပေးထားပြီး အသေးစိတ်ကို U-ONE Computer Training Center ဖုန်း – ၀၉ ၇၉ ၀၁၇၃၆၉ ၆ သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ကျော်ဇေယျ