Australian National University ၏ ၂၀၂၀ ပညာသင်ဆု သြစတြေးလျဒေါ်လာ ငါးသောင်းအထိ လျှောက်ထားနိုင်

အထက်တန်းအောင်နဲ့ IGCSE ကျောင်းသားတွေအနေနဲ့ သြစတြေးလျအစိုးရတက္ကသိုလ် Australian National University သို့ တက်ရောက်ရန် ၂၀၂၀ ပညာသင်ဆု သြစတြေးလျဒေါ်လာ ငါးသောင်းအထိ လျှောက်ထားနိုင် မယ်လို့ သိရပါတယ်။

၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ဆု အနေနဲ့ သြစတြေးလျဒေါ်လာ ငါးသောင်းအထိ ပေးအပ်မယ့် ANU Targeted Diversity Source Regions စာရင်းမှာ မြန်မာကျောင်းသား၊ ကျောင်းသူတွေ ပါဝင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ANU သို့တက်ရောက်ရန် ANU College ရဲ့ Foundation (သို့) Diploma တက်ရောက်ပြီး Australian National University ရဲ့ပထမနှစ် သို့မဟုတ် ဒုတိယနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။

ပညာသင်ဆု လျှောက်ထားရန်အတွက် အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ အနေနဲ့ ပျမ်းမျှရမှတ် ၆၅% အထက် ရရှိရမှာဖြစ်ပြီး IGCSE အောင်မြင်ပြီးသူတွေ အနေနဲ့ အနည်းဆုံး ၄ ဘာသာမှာ 2 B, 2C ၊ အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS 6.0 ရရှိရမှာ ဖြစ်ပါတယ်။ sub band တစ်ခုချင်းစီတွင် 5.5 အနည်းဆုံး ရှိရမှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ AT&S (နိုင်ငံတကာတက္ကသိုလ် ပညာရေးဝန်ဆောင်မှုကုမ္ပဏီ) အဆောင်(၅)၊ အခန်း(၄) ၊မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း – ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ