Australia, RMIT University ရဲ့ ဘွဲ့ဒီဂရီတန်းများကို ဘာသာရပ်ကင်းလွတ်ခွင့်များ အပြင် IELTS မလိုဘဲ လျှောက်ထားတက်ရောက်နိုင်မည်

HND Level (5) ပြီးထားသူတွေ အနေနဲ့ Australia, RMIT University ရဲ့ ဘွဲ့ဒီဂရီတန်းများကို ဘာသာရပ်ကင်းလွတ်ခွင့်များ အပြင် IELTS မလိုဘဲ လျှောက်ထားတက် ရောက်နိုင်မှာ ဖြစ်ပါတယ်။

Singapore Institute of Management Global Education (SIM GE) ရဲ့ ဩစတြေးလျမိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်တဲ့ RMIT University မှာ HND Level (5) ပြီးထားတဲ့ ကျောင်းသား/သူတွေ တက်ရောက်မယ်ဆိုရင် IELTS လုံးဝ မလိုဘဲ ဘာသာရပ် (12) Units ကင်းလွတ်ခွင့်နဲ့အတူ စာသင်ကာလ (၁) နှစ်ခွဲ အတွင်းမှာပဲ ဩစတြေးလျဘွဲ့ဒီဂရီတစ်ခု ရယူနိုင်မှာပါ။ ၁ နှစ်ခွဲအတွင်း ဘွဲ့ဒီဂရီရယူနိုင်တဲ့ Programmes တွေကတော့ Bachelor of Business in Accountancy, Bachelor of Business in Logistics and Supply Chain Management , Bachelor of Business in Management , Bachelor of Business in Marketing , Bachelor of Business in International Business တွေပဲဖြစ်ပါတယ်။ Bachelor of Business in Economics & Finance တက်ရောက်မည်ဆိုပါက စာသင်ကာလ (၂) နှစ် ကြာမြင့်မှာဖြစ်ပြီး Double Major အဖြစ် တွဲဖက်သင်ယူရမှာပါ။

HND Level (5) ကို အိုင်တီဘာသာရပ်နဲ့ ပြီးထားသူတွေ အနေနဲ့ University of Wollongong, Australia ရဲ့ IT Programmes တွေကို စာသင်ကာလ (၁) နှစ် ကင်းလွတ်တ်ခွင့်ရမှာ ဖြစ်ပြီး Bachelor of Business Information Systems, Bachelor of Computer Science (Cyber Security/Game and Mobile Development) , Bachelor of Computer Science (Big Data/Digital Systems Security) , Bachelor of Information Technology ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း- ၀၉၅၁၀၃၉၁၅ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««