
Audacity ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် audio editing ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Audacity ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။
Ubuntu OS မှာ Audactiy 2.4.2 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Audacity 2.4.2 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:ubuntuhandbook1/audacity
sudo apt update
sudo apt install audacity
ဆိုတဲ့ command တွေ ဖြစ် ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံးမပြုလိုတော့ ဘူးဆိုရင်
sudo add-apt-repository –remove ppa:ubuntuhandbook1/audacity
sudo apt-get remove –autoremove audacity audacity-data
ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
-သီဟ
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««