
Audacous ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း အ သုံးပြုနိုင်မယ့် music player တစ်ခုဖြစ်ပါတယ်။ Audacious ကို Ubuntu OS မှာထည့်သွင်းအ သုံးပြုနိုင်ဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်း အ သုံးပြုနိုင်မှာဖြစ်ပါတယ်။
Ubuntu OS မှာ Audacious ကို ထည့်သွင်းဖို့အတွက်ပထမ ဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Audacious ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:ubuntuhandbook1/apps
sudo apt update
sudo apt install audacious audacious-plugins
ဆိုတဲ့ command တွေဖြစ်ပါ တယ်။အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။အသုံးမ ပြုလိုတော့ဘူးဆိုရင်
sudo add-apt-repository –remove ppa:ubuntuhandbook1/apps
sudo apt remove –autoremove audacious audacious-plugins
ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
-သီဟ