Asus Zenfone 7 နဲ့ 7 Pro တို့မှာ flip ဒီဇိုင်း ကင်မရာပါဝင်

Asus ဟာ Zenfone 6 မှာ flip ကင်မရာ ထည့်သွင်းပြီး တစ်နှစ်အကြာ Zenfone 7 နဲ့ 7 Pro တို့ကို မိတ်ဆက်လိုက်ပါတယ်။ Asus Zenfone 7 နဲ့ 7 Pro ဖုန်းတွေမှာ လှည့်နိုင်တဲ့ flip ကင်မရာတွေ ပါဝင်လာပါတယ။ ဘက်ထရီကလည်း ကြီးမားပြီး 5,000mAh ရှိပါတယ်။ ဒါ့အပြင် ကင်မရာမှာ zoom lens ပါဝင်ပြီး 90Hz refresh rate နဲ့ OLED display အသစ်တွေ ပါဝင်လာပါတယ်။

Asus က Zenfone 7 ဖုန်းတွေကို စက်တင်ဘာ ၁ ရက်မှာ စတင်ရောင်းပါမယ်။ Zenfone 7 ကတော့ ၇၄၉ ဒေါ်လာ ကျသင့်ကာ Zenfone 7 Pro ကတော့၉၅၃ ဒေါ်လာ ကျသင့်ပါမယ်။

Zenfone 7 ရဲ့လှည့်နို်ငတဲ့ flip ကင်မရာကတော့ တော်တော်ကြည့်ကောင်းပါတယ်။ ခလုတ်နှိပ်လိုက်တာနဲ့ ကင်မရာ ၃ လုံးပါဝင်တဲ့ အစိတ်အပိုင်းက ရှေ့နဲ့ အနောက်ကို ကူးပြောင်းပေးသွားမှာပါ။

Asus Zenfone 7 ဖုန်းကင်မရာတွေကတော့ 64-megapixel wide-angle ကင်မရာ၊ 12-megapixel ultrawide ကင်မရာအပြင် 113 ဒီဂရီ field of view တို့ပါဝင်လာပါတယ်။ ဒါ့အပြင် 8-megapixel telephoto ကင်မရာနဲ့ 3x optical zoom တို့ပါဝင်လာပါတယ်။ ဒါကြောင့် အလွန်အသုံးဝင်ပြီး ကျယ်ပြန့်တဲ့ selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

Zenfone 7 နဲ့ 7 Pro ကွာခြားမှု ရှိပါတယ်။ 7 Pro မှာတော့ Snapdragon 865 Plus ပရိုဆက်ဆာနဲ့အတူ RAM 8GB နဲ့ storage 256GB တို့နဲ့ တွဲဖက်ထားပါတယ်။ Zenfone 7 မှာတော့ Snapdragon 865 နဲ့အတူ storage 128GB နဲ့ RAM 6GB ဒါမှမဟုတ် 8GB တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ဖုန်း ၂ မျိုးစလုံးအတွက် Sub-6GHz 5G ကိုထောက်ပံ့ပေးထားပြီး 2TB microSD ကတ်တွေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««