Asus Zenfone 5 ႏွင့္ Zenfone Max Pro စမတ္ဖုန္း ျပည္တြင္းေစ်းကြက္တြင္း ဝင္ေရာက္မည္

[ Zawgyi ]

Asus Zenfone5 နဲ႔ Zenfone Max Pro စမတ္ဖုန္းေတြကို ျပည္တြင္းေစ်းကြက္ထဲ ျဖန္႔ခ်ိမယ္လို႔ိ ဇြန္ ၂၈ ရက္က ဆူးေလရွန္ဂရီလာ ဟိုတယ္မွာ ျပဳလုပ္တဲ့ စမတ္ဖုန္းမိတ္ဆက္ပြဲမွ သိရပါတယ္။

ျပည္တြင္းေစ်းကြက္ကို ဇူလိုင္လခန္႔မွာ ျဖစ္ခ်ိမယ္လို႔ဆိုပါတယ္။ Zenfone5 က ဓာတ္ပံုရိုက္၀ါသနာပါတဲ့လူငယ္ေတြအတြက္ရည္ရြယ္ၿပီး AI စနစ္ နည္း ပညာေတြ ပါဝင္လာပါတယ္။ 19:9 Ratio မ်က္ႏွာျပင္ ၆.၂ လက္မအျပည့္ကို Notch Display နဲ႔ Resolution 1080×2246 ပါဝင္ပါတယ္။ Ram 4GB ပါ၀င္ၿပီးေတာ့ အခ်က္အလက္ သိုေလွာင္ဖို႔အ တြက္ 64GB ပါဝင္ပါတယ္။ ျမန္ႏႈန္းျမင့္ Qualcomm SDM636 Octa Core 1.7GHz ျဖစ္ၿပီး ဂရပ္ဖစ္စနစ္အတြက္ Adreno 630 ျဖစ္ပါတယ္။ ကင္မရာစနစ္အတြက္ AI နည္းပညာအသံုးျပဳထားတဲ့ အတြက္္ ဓာတ္ပံုေတြကို ႐ိုက္ကူးရာမွာ အရာဝတၳဳေတြရဲ႕လိုက္ဖက္မယ့္ အေရာင္ေတြကုိခြဲျခားၿပီးေတာ့ ႐ိုက္ကူးေပးႏိုင္မွာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာ 12MP+8MP Dual ကင္မရာ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မွာ 8MP ကင္မရာ ပါဝင္ပါတယ္။ Android 8.0 အေျခခံ Zen UI 5.0 ကို အသံုးျပဳထားၿပီး ေတာ့ Dual Sim အမ်ိဳးအစားျဖစ္ပါတယ္။ Battery သိုေလွာင္မႈကေတာ့ 3300mAh ျဖစ္ၿပီး AI Charger စနစ္ အသံုးျပဳထားလို႔ တစ္ညလံုးအားသြင္းတဲ့အခ်ိန္မွာ Battry Cut Off ကို လုပ္ေပးမွာ ျဖစ္ပါတယ္။

Zenfone Max Pro ကေတာ့ ဂိမ္းကစားသူေတြအတြက္ ရည္ရြယ္ထားကာ ျပည္တြင္းေစ်းကြက္ထဲ သြင္းမယ္လို႔ဆိုပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား ၅.၅ လက္မကို 18:9 Ratio Resolution 1080×2160 Pixel ပါဝင္ပါတယ္။ Ram 3GB ျဖစ္ၿပီး အခ်က္အလက္ သိုေလွာင္ဖို႔အတြက္ 32GB ျဖစ္ပါတယ္။ ျမန္ႏႈန္းျမင့္ Qualcomm SDM636 Octa Core 1.8 ပါ၀င္ကာ ဂရပ္ဖစ္စနစ္အတြက္ Adreno 506 အသံုးျပဳေပးထားပါတယ္။ ေက်ာဘက္ကင္မရာ 13MP+5MP Dual ကင္မရာျဖစ္ၿပီး ေရွ႕ကင္မရာ 8MP ျဖစ္ပါတယ္။ Android 8.0 အေျခခံၿပီး Google Pure Android ကို အသံုးျပဳေပးထားပါတယ္။ Battery သိုေလွာင္မႈ ပမာဏကေတာ့ 5000mAh ျဖစ္ၿပီး Micro USB စနစ္နဲ႔ စမတ္ဖုန္းကို အားျပန္သြင္းႏိုင္မွာပါ။ Zenfone 5 ကို ေငြေရာင္နဲ႔ အနက္ေရာင္ဆိုၿပီး ႏွစ္မ်ိဳးရရွိႏိုင္မွာျဖစ္ေၾကာင္း၊ Zenfone Max Pro ကုိေတာ့ အနက္ေရာင္တစ္မ်ိဳးတည္းသာ ရရွိႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ စမတ္ဖုန္းႏွစ္ခုလံုးရဲ႕ ေစ်းႏႈန္းေတြကိုေတာ့ မသိရေသးပါဘူး။

-ေအာင္သက္ကို

[ Unicode ]

Asus Zenfone5 နဲ့ Zenfone Max Pro စမတ်ဖုန်းတွေကို ပြည်တွင်းစျေးကွက်ထဲ ဖြန့်ချိမယ်လိို့ ဇွန် ၂၈ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်တဲ့ စမတ်ဖုန်းမိတ်ဆက်ပွဲမှ သိရပါတယ်။

ပြည်တွင်းစျေးကွက်ကို ဇူလိုင်လခန့်မှာ ဖြစ်ချိမယ်လို့ဆိုပါတယ်။ Zenfone5 က ဓာတ်ပုံရိုက်ဝါသနာပါတဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီး AI စနစ် နည်း ပညာတွေ ပါဝင်လာပါတယ်။ 19:9 Ratio မျက်နှာပြင် ၆.၂ လက်မအပြည့်ကို Notch Display နဲ့ Resolution 1080×2246 ပါဝင်ပါတယ်။ Ram 4GB ပါ၀င်ပြီးတော့ အချက်အလက် သိုလှောင်ဖို့အ တွက် 64GB ပါဝင်ပါတယ်။ မြန်နှုန်းမြင့် Qualcomm SDM636 Octa Core 1.7GHz ဖြစ်ပြီး ဂရပ်ဖစ်စနစ်အတွက် Adreno 630 ဖြစ်ပါတယ်။ ကင်မရာစနစ်အတွက် AI နည်းပညာအသုံးပြုထားတဲ့ အတွက်် ဓာတ်ပုံတွေကို ရိုက်ကူးရာမှာ အရာဝတ္ထုတွေရဲ့လိုက်ဖက်မယ့် အရောင်တွေကိုခွဲခြားပြီးတော့ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ 12MP+8MP Dual ကင်မရာ တပ်ဆင်ပေးထားပြီး ရှေ့ဘက်မှာ 8MP ကင်မရာ ပါဝင်ပါတယ်။ Android 8.0 အခြေခံ Zen UI 5.0 ကို အသုံးပြုထားပြီး တော့ Dual Sim အမျိုးအစားဖြစ်ပါတယ်။ Battery သိုလှောင်မှုကတော့ 3300mAh ဖြစ်ပြီး AI Charger စနစ် အသုံးပြုထားလို့ တစ်ညလုံးအားသွင်းတဲ့အချိန်မှာ Battry Cut Off ကို လုပ်ပေးမှာ ဖြစ်ပါတယ်။

Zenfone Max Pro ကတော့ ဂိမ်းကစားသူတွေအတွက် ရည်ရွယ်ထားကာ ပြည်တွင်းစျေးကွက်ထဲ သွင်းမယ်လို့ဆိုပါတယ်။ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မကို 18:9 Ratio Resolution 1080×2160 Pixel ပါဝင်ပါတယ်။ Ram 3GB ဖြစ်ပြီး အချက်အလက် သိုလှောင်ဖို့အတွက် 32GB ဖြစ်ပါတယ်။ မြန်နှုန်းမြင့် Qualcomm SDM636 Octa Core 1.8 ပါ၀င်ကာ ဂရပ်ဖစ်စနစ်အတွက် Adreno 506 အသုံးပြုပေးထားပါတယ်။ ကျောဘက်ကင်မရာ 13MP+5MP Dual ကင်မရာဖြစ်ပြီး ရှေ့ကင်မရာ 8MP ဖြစ်ပါတယ်။ Android 8.0 အခြေခံပြီး Google Pure Android ကို အသုံးပြုပေးထားပါတယ်။ Battery သိုလှောင်မှု ပမာဏကတော့ 5000mAh ဖြစ်ပြီး Micro USB စနစ်နဲ့ စမတ်ဖုန်းကို အားပြန်သွင်းနိုင်မှာပါ။ Zenfone 5 ကို ငွေရောင်နဲ့ အနက်ရောင်ဆိုပြီး နှစ်မျိုးရရှိနိုင်မှာဖြစ်ကြောင်း၊ Zenfone Max Pro ကိုတော့ အနက်ရောင်တစ်မျိုးတည်းသာ ရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ စမတ်ဖုန်းနှစ်ခုလုံးရဲ့ စျေးနှုန်းတွေကိုတော့ မသိရသေးပါဘူး။

-အောင်သက်ကို