Asus Zenfone 5 ကို ဖေဖော်ဝါရီ ၂၇ တွင် မိတ်ဆက်ကြေညာမည်

Asus Zenfone 5 စီးရီးကို ဖေဖော်ဝါရီ ၂၇ ရက် ဘာစီလိုနာမှာကျင်းပမယ့် MWC 2018 မှာ မိတ်ဆက်ကြေညာမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ဒီစမတ်ဖုန်းသစ်တွေဟာ Zenfone 4 ဗားရှင်းတွေကို ဈေးကွက်ထဲဖြန့်ချိပြီး ငါးလအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Asus ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Zenfone 4 မော်ဒယ် ခြောက်မျိုး မိတ်ဆက်ကြေညာခဲ့သလို စက်တင်ဘာလမှာလည်း မော်ဒယ်အချို့ကို ဖြန့်ချိခဲ့ပါတယ်။

ကောလာဟလ သတင်းအချို့ကတော့ ကုမ္ပဏီအနေနဲ့ Zenfone 5, Zenfone 5 Lite နဲ့ အရွယ်ကြီးမားတဲ့ ဘက်ထရီပါဝင်တဲ့ Zenfone 5 Max တို့ကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကြော်ငြာပိုစတာအရလည်း ဒီဖုန်းတွေမှာ Snapdragon chipset တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena