Asus Zenfone 3s Max ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဖြန့်ချိမည်

Asus ဟာ Zenfone 3s Max စမတ်ဖုန်းကို ဖေဖေဝါရီ ၇ ရက် အိန္ဒိယမှာ ကျင်းပမယ့် ပွဲတစ်ခုမှာ တရားဝင်မိတ်ဆက်ပေးဖို့ ပြင်ဆင်နေပါတယ်။ 5,000mAh ဘက်ထရီ ပါဝင်တဲ့ အဲ့ဒီဟန်းဆက်ကို online ကရော offline ကပါ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Zenfone 3s Max မှာ MediaTek MT6750 SoC နဲ့ ၅.၂ လက်မ 1280×720 resolution display တို့ ပါဝင်မှာ ဖြစ်ပါတယ်။ RAM က 3GB ဖြစ်ပြီး internal memory က 32GB ပါ။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။ Android 7.0 Nougat ကို အသုံးပြုထားပြီး လက်ဗွေဖတ်စနစ် ပါဝင်တယ်လို့ သိရပါတယ်။

Ref: GSMArena