Asus ZenBook UX481FL-BM077T Laptop

ဓာတ်ပုံဆရာများ၊ ပရိုဂရမ်မာများ၊ သတင်းသမားများ၊ ဂိမ်းဝါသနာရှင်များ အဆင်ပြေစေမယ့် Asus ZenBook UX481FL-BM077T Laptop ဖြစ်ပါတယ်။ Dual Screen အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး 10th Gen core i7 processor , 1.8 GHz (8M Cache, up to 4.9GHz) CPU နဲ့ RAM ပိုင်းအတွက် SDRAM , LPDDR3 စနစ်နဲ့ 16GB အထိ ထောက်ပံ့ပေးထားပါတယ်။ GeForce MX250 with 2GB DDR5 VRAM GPU နဲ့ရရှိနိင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် PCIEG3x4 NVME 1TB M.2 SSD ထောက်ပံ့ပေးထားပါတယ် ။ ၁၄ လက်မ အရွယ် FHD ကို Display ကိုအသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေး ရုပ်ထွက် အရည်အသွေးကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားသော စနစ်တွေဖြစ်တဲ့ Wireless 6 (Intel AX201), Bluetooth 5.0, IR Camera, 2x USB-A 3.1, 1x USB-C 3.1 gen2, HDMI, microSD card reader, mic/headphone စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။ 4CEll 70WH Battery နဲ့ဖြစ်ပါတယ်။ အလေးချိန်က 2kg ရှိပါတယ်။အမေရိကန်ဒေါ်လာ ၁၅၄၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပြီး Asus Myanmar က တရားဝင်တင်သွင်းထားတာ ဖြစ်ပါတယ်။