Asus Zenbook Flip UM462DA-AI035T

Creator သမားတွေ၊ ကျောင်းတက်မယ့်သူတွေနဲ့ အထွေထွေသုံးချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး Premium Model ဖြစ်တဲ့ 360 degree ခေါက်နိုင်သော Zenbook Flip UM462DA-AI035T ဖြစ်ပါတယ်။ Touch pen ပါ တစ်ပါတည်း ပါဝင်ပြီးဖြစ်တဲ့အတွက် ပုံဆွဲတာတွေ၊ ဒီဇိုင်းဆွဲတာတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ Audio ပိုင်းမှာဆိုရင် နာမည်ကြီး Harman Kardon ကို အသုံးပြုထားတဲ့အပြင် High-quality stereo speaker နှစ်လုံးပါဝင်တဲ့အတွက် Audio ပိုင်းတော်တော်လေးကောင်းမွန်ပါတယ်။ glass-cover keypad မှာ Number Pad ကို ထည့်သွင်းထားတဲ့အတွက် Data entry လုပ်တဲ့အခါ ပိုပြီးအလုပ်တွင်ပြီး အဆင်ပြေမှာပါ။ AMD Ryzen7 3700U (up to 4.0GHz) CPU နဲ့ဖြစ်ပြီး ဂိမ်းနဲ့ ရုပ်ထွက်တွေအတွက် AMD Radeon Vega 10 Graphic ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 16GB အထိ ထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှုအတွက် M.2 PCIe SSD စနစ်နဲ့ 512GB ပါဝင်ပါတယ်။ ၁၄ လက်မအရွယ်အစား FHD LED 60Hz Touch Screen Display ထောက်ပံ့ပေးထားပါတယ်။အခြားသော စနစ်တွေဖြစ်တဲ့ WiFi, Dual Band Gigabit-class wifi 5, -BT4.2, IR HD Camera , TypeC, USB 3.0 gen1 x 1, USB3.1 gen 1×1, USB 2.0×1, HDMI,1 x SD card slot, combo audio jack , Backlit Keyboard စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ ဘက်ထရီက 3 cells 42WHr အမျိုးအစားဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၄၉ ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««