Asus ZenBook 14 UX431FA

ဈေးနှုန်း – ကန်ဒေါ်လာ ၇၉၉

အားသာချက်

ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အသံထွက်ပိုင်းကောင်းမွန်တဲ့ စပီကာစနစ်၊ အရောင်အသွေးစုံလင်တဲ့ Display ၊ သက်သောင့်သက်သာနဲ့ အသုံးပြုနိုင်တဲ့ ကီးဘုတ်စနစ်နဲ့ ကျေနပ်စရာ ဘက်ထရီစွမ်းဆောင်ရည် ရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ပရီမီယံကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိပြီး တောက်ပမှုရှိပေမယ့် ကာဗာပေါ်က အစင်းလိုင်းပုံစံဒီဇိုင်း ဖော်ထားတာက Laptop ကာဗာပေါ် ဖုန်သဲတင်နိုင်ခြေ ပိုများနိုင်ပြီး သဲတရှပ်ရှပ်ဖြစ်နိုင်တာနဲ့ ကာလာပိုင်း စိုပြည်မှုရှိပေမယ့် Display ရဲ့ တောက်ပမှုပိုင်း အနည်းငယ်မှိန်တယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

အလယ်အလတ်အမျိုးအစား စွမ်းဆောင်ရည်ကောင်းမွန်ပြီး လုပ်ဆောင်ချက်စုံလင်စွာနဲ့ သုံးနိုင်တဲ့ Laptop ကို လိုချင်သူတွေအတွက် Asus ZenBook 14 UX431FA က အဆင်ပြေလှသလို ဘတ်ဂျက်နည်းနည်းနဲ့ ပရီမီယံ Laptop ကို သုံးရသလို ခံစားရမှာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တောက်ပတဲ့ ပိုလာရိုက်ဒီဇိုင်းက ဆွဲဆောင်မှုရှိတယ် ဆိုရမှာ ဖြစ်ပေမယ့် ကာဗာပေါ်ဖုန်သဲတင်နိုင်ချေများတယ်လို့မြင်ပါတယ်။ မိမိက ဘက်ထရီသက်တမ်း ပိုကြာတာနဲ့ စွမ်းဆောင်ရည်ပိုင်း ဒီထက် ပိုကောင်းတာ သုံးချင်ရင်တော့ ဈေးနှုန်းမကွာလှတဲ့ HP Envy X360 ကို ပိုရွေးနိုင်ပါတယ်။ ဒါပေမဲ့ စုံလင်တဲ့ port တွေပါဝင်တာ စပီကာပိုင်း ကောင်းမွန်တာနဲ့ ကီးဘုတ်စနစ်ကလည်း သုံးရတာ သက်သောင့်သက်သာရှိတာ၊ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေအပြင် ပေးရတဲ့ ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ZenBook 14 က လုပ်ငန်းသုံး ပရီမီယံဘတ်ဂျက် laptop ကောင်းကောင်း သုံးချင်သူတွေအတွက် အထူးရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

ZenBook 14 ရဲ့ ၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.6GHz ရှိတဲ့ 10th Gen Intel Core-i5-10210U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့Intel UHD Graphic 620 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB NVMe PCIe M.2 SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိပါတယ်။ 720p Webcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ကီးဘုတ်စနစ်နဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ဒီ Laptop မှာ USB 3.1 Gen 2 Type-C ပေါက်၊ USB 3.1 ပေါက်၊ HDMI ပေါက်၊ USB 2.0 ပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

ZenBook 14 က မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၂၇ မိနစ်ခန့် အသုံးပြုနိုင်တာက ပုံမှန် mainstream လုပ်ငန်းသုံး Laptop တစ်လုံးရှိသင့်တဲ့ ဘက်ထရီကြာချိန် ၉ နာရီ ၂၅ မိနစ်ထက် ပိုကြာတဲ့ ကြာချိန်လို့ ပြောရမှာပါ။ အလေးချိန်ကတော့ ၂.၄ ကီလိုဂရမ် (၃.၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: [www.Laptopmag.com](http://www.laptopmag.com/)