ASUS ZenBook 14 UM433IQ

သေသပ်ပေ့ါပါးပြီး တန်ဖိုးသင့်တဲ့ ASUS ZenBook 14 UM433IQ ဖြစ်ပါတယ် ။ ရုံးသုံး ကျောင်းသုံး အတွက်သာမက ဂိမ်းကစားဖို့ အတွက် သင့်တော်တယ်လို့သိရပါတယ်။ US Military-grade (MIL-STD-810G) အသိအမှတ်ပြု ဖြစ်တဲ့အတွက် အကြမ်းလည်း ခံနိုင်မှာဖြစ်ပါတယ်။ Ryzen7 – 4700U CPU နဲ့ RAM ပိုင်းအတွက် DDR4 memory စနစ်နဲ့ 16GB ထောက်ပံ့ပေးထားပါတယ်။ Graphic ကိုတော့ MX350 2GB Graphic GDDR5 VRAM နဲ့ ရရှိနိင်မှာပါ။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် SSD 1TB ထောက်ပံ့ပေးထားပါတယ် ။ ၁၄ လက်မ အရွယ်အစား ဘောင်မဲ့ NanoEdge FHD IPS Level Display အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေးမှာ ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။အခြားသော စနစ်တွေအဖြစ် IR Camera ၊ NumberPad ,Dual-band Wi-Fi 5 (802.11ac), BT6.0, USB 3.2 Gen 2 Type-C™ (up to 10Gbps), USB 3.2 Gen 2 Type-A (up to 10Gbps), USB 2.0, Standard HDMI, MicroSD card reader, Audio combo jack, DC-in စတာတွေ ထောက်ပံ့ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၁၁၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Asus Myanmar က တရားဝင် တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ အရောင်းကောင်တာတွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««