ASUS Vivobook M533

ပေါ့ပါးပါးလွှာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ASUS Vivobook M533 ဖြစ်ပါတယ်။ အ ရောင်များစွာ ရွေးချယ်နိုင်ပြီး မနှစ်ကထွက်ရှိထားတဲ့ S531 ကို Ryzen 4000 CPU တွေနဲ့ upgrade လုပ်ထားတဲ့ မော်ဒယ်တွေဖြစ်ပါတယ်။ Vivobook S series ထုံးစံအတိုင်း ပေါ့ပါးကျစ်လျစ်ပြီး နောက်ဆုံးပေါ် premium feature တွေ ပါဝင်တဲ့အပြင် chassis ကလည်း diamond cut design နဲ့ဖြစ်ပါတယ်။ AMD Ryzen™ 7 4700U Mobile Processor (8C/8T, 12MB Cache, 4.1 GHz Max Boost) နဲ့ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB အထိ ထောက်ပံ့ပေးထားပါတယ်။ GPU ကိုတော့ Integrated AMD Radeon™Graphics MX250 နဲ့ ရရှိနိင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256GB SSD ထောက်ပံ့ပေးထားပါတယ် ။ ၁၅.၆ လက်မအရွယ်ရှိ LED-backlit Full HD (1920 x 1080) 16:9Frameless three-sided NanoEdge display with 86% screen-to-body ratio178° wide-view technology (optional) ကို အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေးမှာ ရုပ်ထွက်အရည်အသွေး ကောင်းမွန်စွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားသောအထောက်အပံ့တွေဖြစ်တဲ့ 1 x USB 3.2 Gen 1 Type-C™, 1 x USB 3.2 Gen 1 Type-A, 2 x USB 2.0, 1 x HDMI, 1 x Audio combo jack, 1 x MicroSD card reader, 1 x DC-in, Intel Wi-Fi 6 with Gig+ performance (802.11ax), B.T 5.0, IR webcam စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ အရောင်အနေနဲ့ Gaia Green, Indie Black, Resolute Re,Dreamy White ဆိုပြီး စုစုပေါင်း အရောင် ၄ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Gaia Green, Resolute Red, Dreamy White ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၆၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Asus Myanmar ကနေ တရားဝင်တင်သွင်းတာဖြစ်ပြီး ကွန်ပျူတာ အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««