ASUS Vivobook D513IA Laptop

Ryzen 7 ကိုမှ နောက်ဆုံးထုတ် 4th generation CPU သုံးထားပြီး သူ့မှာပါတဲ့ AMD Radeon 7nm Graphics (Code name: Renoir) ဟာ လတ်တလော Dedicated Graphic Card သီးသန့်မပါတဲ့ Intel, AMD laptop အားလုံးမှာ Performance အမြင့်ဆုံး ဖြစ်နေတဲ့ ASUS Vivobook D513IA Laptop ဖြစ်ပါတယ်။ Windows 10 64BIT operating system ကို ထည့်သွင်း အသုံးပြုထားတာဖြစ်ပါတယ်။ AMD Ryzen 7 4700U, 2.00 – 4.10 GHz, 8MB, 8-Core CPU နဲ့ RAM အတွက် 8GB DDR4 ထည့်သွင်း အသုံးပြုထားတာဖြစ်ပါတယ်။

အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512GB PCIe M.2 SSD ပါဝင်ပါတယ်။ Graphics ပိုင်းအတွက် AMD Radeon 7nm Graphics ထောက်ပံ့ပေးထားပါတယ်။ စကရင်အရွယ်အစားက ၁၅.၆ လက်မ(Anti-Glare, 1920 x 1080 ) အရွယ်အစားဖြစ်ပါတယ်။ အခြားထောက်ပံ့မှုတွေအနေနဲ့ 802.11ac (1×1), B.T 4.1, – HDMI 1.4, 3.5mm combo audio, 2 x USB 2.0, 1 x USB 3.1 Type-A (Gen1), 1 x USB 3.1 Type-C (Gen1), Card reader စတာတွေထောက်ပံ့ပါဝင်ပါတယ်။ အရွယ်အစားက 359,8 x 235,3 x 19,5 mm ဖြစ်ပြီး အလေးချိန်က 1.8kg ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၆၂၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ MAT Computer ဖုန်း – ၀၉ ၄၃၀ ၅၉၈၁၄ နဲ့ ၀၉ ၄၃၀ ၅၉၈၁၃ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««