Asus VivoBook 15 (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၇၃၉
အားသာချက်

ဆွဲဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ ကာလာပိုင်းကောင်းမွန်တဲ့ Display နဲ့ ပြည့်ဝတဲ့ အသံအရည်အသွေး၊ အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်နဲ့ အချိန်ကြာကြာ သုံးပေမယ့် ကိုယ်ထည်ပူနွေးမှု မရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက mainstream အသုံးပြုနိုင်တဲ့ Laptop တစ်လုံးရှိသင့်တဲ့ ကြာချိန်ထက် နည်းတာနဲ့ Display က ကာလာပိုင်းစိုပြည်ကောင်းမွန်ပေမယ့် အနည်းငယ် မှိန်တယ်လို့ ခံစားရတာတွေက အားနည်းချက်ပါ။

သုံးသပ်ချက်

Asus Vivo Book 15 X512DA က တည်ငြိမ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အပြည့်ရှိတဲ့ Laptop တစ်လုံး ဖြစ်သလို အချိန်ကြာကြာ အသုံးပြုမှုအတွက်လည်း ကိုယ်ထည်ပူနွေးမှု မရှိဘဲ အသုံးပြုနိုင်တဲ့ Laptop ဖြစ်ပါတယ်။ စတင် သုံးစွဲသူတွေအကြိုက်ဖြစ်မယ့် ဒီဇိုင်းနဲ့ ကျောင်းသား၊ လူငယ်တွေကို အထူးဆွဲဆောင်နိုင်သလို နေ့စဉ် အသုံးပြုတဲ့ လုပ်ငန်းဆောင်တာမျိုးစုံကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မာတီမီဒီယာပိုင်းကလည်း ပေးရတဲ့ဈေးနဲ့ စိတ်ကျေနပ်မှု ရရှိစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Display မြင်ကွင်းပိုင်း တောက်ပမှုရှိတာ၊ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာမျိုး သုံးချင်ရင်တော့ ကန်ဒေါ်လာ ၆၄၉ တန် Acer Swift 3 နဲ့ တစ်ချက် နှိုင်းယှဉ်စဉ်းစားကြည့်သင့်တယ်လို့ အကြံပြုလိုပါတယ်။ အဲလို မဟုတ်ဘဲ ဈေးသင့်တင့်တဲ့ ဘတ်ဂျက် Laptop ထဲက မာတီမီဒီယာစနစ်နဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Laptop ကို သုံးချင်ရင်တော့ ဒီဇိုင်းလှပတဲ့ ဒီ Laptop က ရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Asus VivoBook 15 X512DA ရဲ့ ၁၅ လက်မ ရှိတဲ့ anti-glare touch panel Display က ရုပ်ထွက်အရည်အသွေး 1920x1080p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.3GHz ရှိတဲ့ AMD Ryzen 7-3700U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ AMD Radeon RX Vega 10 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 12 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB PCIe SSD ကို ထည့်သွင်းထားပါတယ်။ Asus Sound Master Driver နည်းပညာ ပါဝင်တဲ့အတွက် ပေးရတဲ့ဈေးနဲ့ဆိုရင် စပီကာရဲ့ အသံထွက်ပိုင်းက ကျေနပ်စရာပါ။ 720p HD Webcam ကလည်း အဆင်ပြေလှပါတယ်။ island-style ကီးဘုတ်က အသုံးပြုရတာ အထူးကောင်းမွန်သလို ၂.၉x၄.၁ လက်မရှိတဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB 2.0 Type-A ပေါက်၊ USB 3.1 ပေါက်၊ USB Type-C ပေါက်၊ microSD ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ပါဝင်ပြီး ခလုတ်နှစ်ခု ပါဝင်တဲ့ Stylus ကိုတော့ Laptop ရဲ့ ရှေ့ဘက်ဘောင်အတွင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Asus VivoBook 15 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၅ နာရီနဲ့ ၃၁ မိနစ်ခန့် အသုံးပြုနိုင်တာက ပုံမှန် mainstream laptop တစ်လုံးရဲ့ ပျှမ်းမျှကြာချိန် ၆ နာရီနဲ့ ၅၂ မိနစ်ထက် နည်းတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ မြင်ကွင်းပြည့် HD ဗီဒီယိုကြည့်တာကို Touchpad နဲ့ Laptop ကိုယ်ထည်ပိုင်း ပူနွေးမှုမရှိတာက ကျေနပ်စရာပါ။ အလေးချိန်ကတော့ ၁.၇ ကီလိုဂရမ် (၃.၈ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««